Connect with us

Hi, what are you looking for?

သတင်း

ရွှေစက်တော်ဘုရားအနီးရှိ စစ်ကောင်စီတပ်တပ်စခန်းတိုက်ခိုက်ခံပြီး စစ်သားနှင့်ရဲများထွက်​ပြေး

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။

(စစ်​ကောင်စီ တပ်ဖွဲ့ဝင်၏ ယူနီ​ဖောင်းကို​ခြေဖြင့်နင်း​နေ​သော PDF များ။ဓါတ်ပုံ--မင်းဘူးခရိုင်တပ်ရင်း (၆) )
(စစ်​ကောင်စီ တပ်ဖွဲ့ဝင်၏ ယူနီ​ဖောင်းကို​ခြေဖြင့်နင်း​နေ​သော PDF များ။ဓါတ်ပုံ--မင်းဘူးခရိုင်တပ်ရင်း (၆) )

တာရာ/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးဘုရားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်များစခန်းကိုစွန့်ခွာထွက်​ပြေးကြသည်။

​ရွှေစင်​တော် ဘရားအနီး ဘုရားရွာတွင်တပ်စွံထား​သော စစ်ကောင်စီတပ်ဖွဲ့များကိုနိုဝင်ဘာ ၁၇ ရက် နံနက် ၃နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုမင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်းက နိုဝင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ဖွဲ့ဝငွများသည် ရွှေစက်တော်ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များကို ဖမ်းဆီးရောင်းချခြင်း​အ​ပေါ် ငွေကြေးကောက်ခံ၍ စသည်တို့ကို ခွင့်ပြု ၍ ​ငွေရှာ​နေခြင်းဖြစ်ကြောင့် သိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲထဲမှာ လက်နက်ကြီးနဲ့ ပစ်ရုံပဲရှိသေးတယ် အကုန်ထွက်ပြေးသွားကြတာပါ။ ဒါကြောင့် တိုက်ပွဲတောင် ၁၅မိနစ်လောက်ပဲကြာလိုက်တယ်။ ကျွန်တော်တို့ဘက်က ပစ်လိုက်တာပဲရှိတယ်။ သူတို့ဘက်က ပြန်မပစ်ဘဲ ထွက်ပြေးသွားကြတာပါ”ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။

ထိုစခန်းတွင် စစ်ကောင်စီတပ်နှင့်ရဲ အင်အား ၁၀ ဦးခန့်ရှိပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွှေစက်တော်ဘုရားတဝှိုက်ကို အင်အားပြန်ဖြည့်တင်းလာသဖြင့် ဘုရားရွာရှိ ပြည်သူမျာထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

မင်းဘူးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ရဲများနှင့် ပျူစောထီးတို့ဖြင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ၎င်းတို့ တပ်စခန်းနှင့် ၎င်းတို့စုဝေးရာနေရာများသို့ သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook