Connect with us

Hi, what are you looking for?

သတင်း

PNLAနယ်မြေအတွင်း စစ်ကောင်စီ၊ PNOတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း PNLAက ထုတ်ပြန်သည်။

(ရေဘေးကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAက ပြန်လည်တည်ဆောက်နေသည်ကို ပြီးခဲ့သည့် စက်တင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(ရေဘေးကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAက ပြန်လည်တည်ဆောက်နေသည်ကို ပြီးခဲ့သည့် စက်တင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ဟန်နွေ/People’s Spring

ဆီဆိုင်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)တပ်ရှိရာသို့ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက ထိုးစစ်ဆင်လာ၍ ယနေ့(နိုတင်ဘာ ၂၀ရက်)တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်က အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင် – ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေယာဉ်ဖြင့် ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ အခု မြေပြင် အခြေအနေ အသေးစိတ် မသိရသေးပါဘူး။ ဒီမနက် ၁၀နာရီခွဲမှာ စစ်ကောင်စီက အများပြည်သူ အသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို ဗုံး ၃လုံး ကြဲချသွားပါတယ်။ ပြီးတော့ ပွန်ချောင်းတံတားအနီးမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဓိကကတော့ ကျနော်တို့ ရှိနေတဲ့နေရာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

ပွန်ချောင်းတံတားသည် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း PNLAက ထုတ်ပြန်သည်။

ပအိုဝ်းဒေသ တိုက်ပွဲအခြေအနေများကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။ PNLAသည် ယခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ဆီဆိုင်မြို့ကို PNLAနှင့် မဟာမိတ်များက သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူနှင့် မြေပြင် မှအင်အားအလုံးအရင်းဖြည့်တင်း၍ ပြန်လည်နေရာယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။