Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ စစ်ဆေးရေးဂိတ်ကို ရှောင်​မောင်းရင်း ယာဉ်မတော်တဆမှုဖြစ်လို့ မြန်မာ ၇ ဦးသေဆုံး

ထိုင်းနိုင်ငံမှာ စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်း မောင်းပြေးဖို့ ကြိုးစားရာကနေ ကားတစ်စီး မတော်တဆမှုဖြစ်ပြီး မြန်မာနိုင်ငံသား ၇ ဦး သေဆုံးခဲ့ပါတယ်။

(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)
(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)

-People’s Spring

ထိုင်းသတင်းဌာန Khaosodရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၁၉ ရက်နေ့ ညသန်းခေါင်ကျော်၊ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းတုန်းက နက်ခွန်ပါသွမ် ခရိုင်၊ ဘန်လန် ခရိုင်ထဲက ကျေးရွာ အမှတ် ၈ နားမှာ ပစ်ကပ်ကား တစ်စီးက ဓာတ်တိုင်ကို တိုက်ပြီး လမ်းဘေး တူးမြောင်းထဲ ထိုးကျခဲ့တာလို့ သိရပါတယ်။

(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)
(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)

အဲဒီကားဟာရဲတပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး မောင်းပြေးရာက လမ်းကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ထွက်ခဲ့ရာက နောက်ဆက်တွဲ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)
(ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့​နေရာ နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-Khaosod English)

သေဆုံးသူတွေဟာ မြန်မာနိုင်ငံသားတွေချည်း ဖြစ်ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးလို့ ဆိုပါတယ်။ သူတို့ဟာ ယာဉ်တိုက်မှုမှာ သေဆုံးတာလား၊ ရေနစ်သေဆုံးတာလား ဆိုတာကိုတော့ ထိုင်းသတင်းဌာနက ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အသင်းတွေက ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ အလောင်းတွေကို သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား- Khaosod English

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook