Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက အာဆီယံအတွက် မူဝါဒပိုင်း အားနည်းမှုမျိုး ကြုံလာစေတယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီး ဝေဖန်

အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့သလို ၃.၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း စက်တင်ဘာလတုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

(စင်ကာပူ ကာကွယ်ရေး ဝန်ကြီး​ဒေါက်တာ အန်ဂန်ဟန်။ ဓါတ်ပုံ- MINDEF)
(စင်ကာပူ ကာကွယ်ရေး ဝန်ကြီး​ဒေါက်တာ အန်ဂန်ဟန်။ ဓါတ်ပုံ- MINDEF)

▪︎မြန်မာစစ်တပ် အနေနဲ့ အာဆီယံကို နိုင်ငံရေးအရ အသုံးချမှုတွေကို အာဆီယံ အနေနဲ့ လက်မခံသင့်ဘူးလို့လည်း ထောက်ပြ

-People’s Spring

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လုပ်ဆောင်နေမှုတွေက အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဓိက အကျဆုံး အခြေခံ မူဝါဒ တစ်ခုကို အားလျော့လာစေနိုင်တယ်လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာ့ လက်ရှိ အကျပ်အတည်းတွေအတွက် အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေမှာ အာဆီယံက ဗဟိုချက်အဖြစ် ရပ်တည်အောင် တည်ဆောက်လာတဲ့ မူဝါဒကို အများကြီး အနှောင့်အယှက် ဖြစ်လာစေတယ်လို့ ဝန်ကြီး ဒေါက်တာ အန်ဂန်ဟန်က ပြောပါတယ်။

လာအိုနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM)မှာ ဒေါက်တာ အန်က အခုလို ဝေဖန် မှတ်ချက် ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ အပြုသဘောဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အယုံအကြည် ကင်းမဲ့မှုတွေ ဖြစ်လာစေနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ၂၀၂၁ နှစ်ဆန်းပိုင်းတုန်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် လက်နက်ကိုင် တော်လှန်ရေးတွေအင်အားကောင်းကောင်းနဲ့ ပေါ်ပေါက်လာပြီး စစ်တပ်ဟာ အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ အသည်းအသန် ရုန်းကန်နေရပါတယ်။ ဒေါက်တာအန်က မြန်မာရဲ့ လုပ်ရပ်တွေကြောင့် တချို့အပိုင်းတွေမှာ အနှောင့်အယှက် ကြီးကြီးမားမားတွေ ဖြစ်စေတယ်လို့ ဝေဖန်ခဲ့တဲ့တိုင် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီဖြေရှင်းပေးဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ သွေဖယ်နေတယ် ဆိုတာကိုတော့ ဒေါက်တာအန်ကသေချာ ထောက်ပြခဲ့ပါတယ်။ အဲဒီ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုဦးတည်ထားပေမယ့်အာဏာသိမ်း စစ်တပ်ကတော့ အတိအလင်း မျက်ကွယ်ပြုထားခဲ့ပါတယ်။

ဒေါက်တာ အန်က မြန်မာစစ်တပ် အနေနဲ့ အာဆီယံကို နိုင်ငံရေးအရ အသုံးချမှုတွေကို အာဆီယံ အနေနဲ့ လက်မခံသင့်ဘူးလို့လည်း ထောက်ပြခဲ့ပြီး အဲဒီအခြေအနေဟာ ADMMကို ခက်ခဲတဲ့ အနေအထား တစ်ခုဆီ တွန်းပို့လိမ့်မယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး ဒေသတွင်း သံတမန်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်ရင် ADMMရဲ့ အလယ်အလတ်လမ်းစဉ် ဆုပ်ကိုင်မှုကို ဆက်လက် ထိန်းသိမ်းထားကြဖို့လည်း သူက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့သလို ၃.၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း စက်တင်ဘာလတုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း