Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူကုမ္ပဏီ Sembcorpရဲ့ မြင်းခြံအခြေစိုက် ဓာတ်အားပေးစက်ရုံလည်ပတ်မှု ယာယီ ဆိုင်းငံ့

စစ်ရေး အခြေအနေတွေ ပြင်းထန် ကြမ်းတမ်းလာတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခြေစိုက်လည်ပတ်နေတဲ့ Sembcorp ကုမ္ပဏီပိုင် ဓာတ်အားပေး စက်ရုံတစ်ခုကို ဆိုင်းငံ့ထားရကြောင်း စင်ကာပူ စက်မှုလုပ်ငန်း တစ်ခုက ကြေညာခဲ့ပါတယ်။

Sembcorp မြင်းခြံရဲ့ ဓါတ်အား​ပေးရုံ။ ဓါတ်ပုံ-sembcorp

စစ်ရေး အခြေအနေတွေ ပြင်းထန် ကြမ်းတမ်းလာတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခြေစိုက်လည်ပတ်နေတဲ့ Sembcorp ကုမ္ပဏီပိုင် ဓာတ်အားပေး စက်ရုံတစ်ခုကို ဆိုင်းငံ့ထားရကြောင်း စင်ကာပူ စက်မှုလုပ်ငန်း တစ်ခုက ကြေညာခဲ့ပါတယ်။

စင်ကာပူ အခြေစိုက် စွမ်းအင်နဲ့ မြို့ပြ ဖွံ့ဖြိုးရေး ကုမ္ပဏီ Sembcorp စက်မှုလုပ်ငန်းဟာ မန္တလေးတိုင်း ဒေသကြီးထဲမှာရှိတဲ့ မြင်းခြံ မြို့နယ်ထဲက ဓာတ်အားပေးစက်ရုံ လည်ပတ်မှုကို ဩဂုတ် ၁၂ ရက်နေ့မှာ မဖြစ်မနေ ယာယီ ဆိုင်းငံ့ထားခဲ့ရတာလို့ အတည်ပြုခဲ့ပါတယ်။

အဓိက အကြောင်းရင်းကတော့ ကုမ္ပဏီရဲ့ ၂၂၅ မဂ္ဂါဝပ် ဓာတ်ငွေ့စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ Sembcorp Myingyan တည်ရှိရာ မြင်းခြံမြို့နယ်နဲ့ အနီးတဝိုက် ​ဒေသတွေမှာတိုက်ပွဲတွေ ပိုမို အရှိန်မြင့်လာတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းခဲ့တာ ၃ နှစ်ခွဲကျော်လောက် ကြာမြင့်လာတဲ့နောက် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ခုခံစစ်ပွဲတွေရဲ့ ဒဏ်ကို ပိုပြီး ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်နေရသလို စီမံခန့်ခွဲမှု အလွဲတွေကြောင့် နိုင်ငံစီးပွားရေးကလည်း တဟုန်ထိုး ကျဆင်းနေပါတယ်။

Sembcorpဟာ မြင်းခြံမှာရှိတဲ့ ဓာတ်အားပေး စက်ရုံကို အခြေအနေတွေ ပြန်လည် တည်ငြိမ်ပြီး ဘေးကင်းလုံခြုံလာတာနဲ့ အမြန်ဆုံး ပြန်လည် လည်ပတ်စေဖို့ အသင့်ပြင်ထားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

မြင်းခြံခရိုင် PDF ​တွေရဲ့အထူးစစ်ဆင်​ရေးအ​နေနဲ့ မြင်းခြံ ၊နွားထိုးကြီး ၊​တောင်သာ မြို့နယ်​တွေက စစ်တပ်စခန်းနဲ့ တပ်စွဲရာ​နေရာ​တွေကို PDF​တွေက သြဂုတ် ၁၀ရက် မနက်အ​စောပိုင်းကစပြီး တချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်​​နေတာပါ။ စစ်တပ်စခန်း​တွေအသိမ်းခံရလို​စစ်သား​တွေ ၊ပျူ​တွေ ​သေဆုံး၊ဒဏ်ရာရတာ ၊အဖမ်းခံရတာ​တွေရှိသလို လက်နက်ခဲယမ်း​တွေကိုလည်း PDF​တွေကသိမ်းပိုက်​နေပါတယ် ။

Sembcorpဟာ စင်ကာပူရဲ့ အစိုးရပိုင် အထင်ကရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး Temasekက ကျောထောက်နောက်ခံ ရှိနေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ဂျပန်ရဲ့ Unicharm ကုမ္ပဏီကလည်း နိုင်ငံခြား ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ တခြားသော စိန်ခေါ်မှုတွေ၊ ပြဿနာတွေကြောင့် မြန်မာ့ အခြေစိုက် လုပ်ငန်းခွဲမှာ ရင်းနှီးမြှုပ်နှံ ဖြည့်တင်းမှုတွေ ရပ်တန့်တော့မယ်လို့ ကြေညာထားပါတယ်။

PDF ​တွေက ထီးချိုင့်မြို့နယ်မှာရှိတဲ့ တရုတ်ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထားတဲ့ တ​ကောင်းနီကယ် စက်ရုံက စစ်​ကောင်စီတပ်​တွေကိုတိုက်ခိုက်ပြီး​နောက်ဆုံးလက်နက်ချတာ​ကြောင့် စက်ရုံကို လည်းသိမ်းပိုက်ထားပါတယ် ။ စက်ရုံကိုထိန်းချုပ်ပြီး တရုတ်နဲ့ညှိနှိုင်းပြီးလုပ်ငန်း​တွေဆက်လက် လည်ပတ်​နေတယ်လို့​တော်လှန်​ရေး အဖွဲ့​တွေက​ပြောပါတယ် ။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။