Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထောက်ခံမှုများသည့်ဒေသများတွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးနေ

စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများဖြစ်သော်လည်း အာဏာရှင်ဆန့်ကျင်သည့် လူငယ်များ၊ အဖွဲ့အစည်းအများအပြားလည်းရှိပြီး စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေပါသည်။

(ယခုလဆန်းပိုင်းအတွင်းက မိတ္ထီလာမြို့အဝင်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-ပသစ)
(ယခုလဆန်းပိုင်းအတွင်းက မိတ္ထီလာမြို့အဝင်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-ပသစ)

အင်ကြင်း/People’s Spring

စစ်တပ်ထောက်ခံမှုအားကောင်းသည်ဆိုသော အလယ်ပိုင်းဒေသများဖြစ်သည့် မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ် အများအပြားအား လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)က မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က လူငယ်အများအပြားအား လိုက်လံဖမ်းဆီးနေပြီး မလှိုင်မြို့နယ်မှ လူငယ် ၃၀ကျော်၊ ဝမ်းတွင်းမြို့နယ်မှ လူငယ် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့သိရသလောက် မြို့ပေါ်တွေမှာဆွဲတာပါ၊ ညဘက်အိမ်ပေါ်အထိ တက်ဆွဲတာရှိသလို ညဦးပိုင်းအပြင်ထွက်တဲ့လူငယ်တွေကို ဆွဲတာပါ။”ဟု Guardians Of Mahlaing အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Voice Of Wundwin အဖွဲ့ဝင်တစ်ဦးကလည်း ” အကြီးအကျယ်ပေါ်တာဆွဲနေတာ”ဟု ပြောသည်။

မိတ္ထီလာနှင့် ကျောက်ဆည်မြို့များတွင်လည်း ဖမ်းဆီးခံရသည့်လူငယ်အရေအတွ​က် မသိရသေးသော်လည်း စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် မြို့ပေါ်တွင် လူသွား၊ လူလာနည်းပါး သွားသည်ဟု မြို့ခံများက ပြောသည်။

” မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအများစု ကိုယ့်အိမ်မှာကိုယ် မအိပ်ရဲကြတဲ့အခြေအနေလို့ သိရပါတယ်။တလျှောက် လုံး စစ်တပ်ထောက်ခံခဲ့တဲ့ မိသားစုဝင်လူငယ်တွေပါ ပြေးနေကြရတဲ့အခြေအနေလို့ သိရပါတယ်။”ဟု Guardians Of Mahlaing အဖွဲ့က ပြောသည်။

အဆိုပါဒေသများသည် စစ်တပ်ထောက်ခံမှုအားကောင်းခဲ့သည့်ဒေသများဖြစ်ပြီး စစ်မှုထမ်းရန်ဖမ်းဆီးမှု မရှိသလောက် နည်းပါးခဲ့သည်။

သို့သော် စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများဖြစ်သော်လည်း အာဏာရှင်ဆန့်ကျင်သည့် လူငယ်များ၊ အဖွဲ့အစည်းအများအပြားလည်းရှိပြီး စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေပါသည်။

စစ်ကောင်စီသည် လွန်ခဲ့သော ၂၀၁၀က ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လည်အသက် သွင်းခဲ့သည်။ ထို့နောက် စစ်မှုထမ်းရန် လူငယ် များအား အဓမ္မခေါ်ယူခဲ့ပြီးနောက် အပတ်စဉ်(၁) သင်တန်းကို ဧပြီ ၈ရက်တွင်စတင်ခဲ့ရာ ယခုအခါ အပတ်စဥ်(၇)အား စတင်ရန်ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook