Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းရန် လူငယ် ၁၀၀ခန့် ဖမ်းဆီးခံရ

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသော်လည်း လူမပြည့်သေး၍ နိုဝင်ဘာလဆန်းပိုင်းကပင် စစ်ကိုင်းနှင့်တံတားဦးမြို့နယ်တွင်လည်း လူငယ်အများအပြားအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးသည်။

(ပြီးခဲ့သည့် အောက်တိုဘာအတွင်းက စစ်မှုထမ်းအပတ်စဥ် (၆)သင်တန်းတက်နေရသော ဖမ်းဆီးခံရသည့်လူငယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပသစ)
(ပြီးခဲ့သည့် အောက်တိုဘာအတွင်းက စစ်မှုထမ်းအပတ်စဥ် (၆)သင်တန်းတက်နေရသော ဖမ်းဆီးခံရသည့်လူငယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပသစ)

အင်ကြင်း/People’s Spring

စစ်တပ်ထောက်ခံမှုအားကောင်းသည့် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လယ်စိုက်နေသူများအပါအဝင် လူငယ် ၁၀၀ခန့် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့အပြင် မိတ္ထီလာ၊ ကျောက်ဆည်၊ မလှိုင် အစရှိသည့်မြို့များတွင်ပါ စစ်မှုထမ်းရန် လူငယ်များ ဖမ်းဆီးခံနေရသည်။

အဆိုပါဒေသများသည် စစ်တပ်ထောက်ခံမှုအားကောင်းခဲ့သည့်ဒေသများဖြစ်ပြီး အစောပိုင်းကာလများက စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်မှု မရှိသလောက် နည်းပါးခဲ့သည်။ သို့သော် စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများဖြစ်သော်လည်း အာဏာရှင်ဆန့်ကျင်သည့် လူငယ်များ၊ အဖွဲ့အစည်းများလည်း အများအပြားရှိပြီး စစ်ကောင်စီအား တော်လှန်နေပါသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဝမ်းတွင်းမြို့နယ်၌ ငါးရက်တစ်ကြိမ်ပြုလုပ်သည့် သဲတောစျေးအား စျေးဝယ်လာသော လူငယ် ၁၀၀ခန့်အား စစ်တပ်က ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။သဲတောဈေးလာသော လူငယ်များအား စစ်တပ်က နေရာ ၅ နေရာခွဲ ဖမ်းဆီးရာ တစ်နေရာလျှင် လူငယ် ၂၀ခန့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Voice Of Wundwin အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အကုန်ပေါင်း လူတစ်ရာလောက်ရှိတယ်။ ကျွန်တော်တို့မြို့နယ်မှာက ငါးရက်ကိုတခါမှ လုပ်တဲ့ သဲတောစျေးကြီးရှိတယ်။ အဲ့စျေးနေ့ဆို တစ်မြို့နယ်လုံးက အဲ့သဲတောစျေးကြီးမှာ စျေးလာဝယ်ကြတာ။ အခုကအဲ့စျေးနေ့မှာ သဲတောဝမ်းတွင်းအဝင်ပေါက်တွေကနေ ကြိုစောင့်ပြီးလာသမျှလူငယ်တွေ အကုန်နီးပါးဆွဲသွားတာ။အဲနေ့ကတစ်ရက်တည်း ဝမ်းတွင်းအဝင်အထွက် ဂိတ်ငါးခုလောက်မှာ တစ်ဂိတ်ကနေ လူနှစ်ဆယ်လောက်ဆီပါသွားတာ။”ဟု Voice Of Wundwin အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသူများအား မိတ္ထီလာမြို့ရှိ အမှတ် (၁၁၃)ခြေမြန်တပ်ရင်းသို့ ပို့ဆောင်ခဲ့ပြီး ငွေပေးနိုင်သူအချို့ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း၊ သို့သော် ပြန်လွတ်သူများလည်း စစ်မှုထမ်းခေါ်ဆိုလျှင် လိုက်ပါမည်ဟု လက်မှတ်ထိုးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်ရှိ သီးကုန်းရွာ၊ ဘုရားစုရွာ၊ ဆပ်ခင်းရွာ၊ ဆည်ရွာနှင့် ကျွတ်ကန်ကျေးရွာတို့မှ လူငယ်များလည်းပါဝင်ကြောင်း Voice Of Wundwin အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“လယ်စိုက်နေတဲ့သူကိုပါ ဖမ်းသွားတယ်။ သစ်ပလွေကန်မှာ။ အတော်ဆိုးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မလှိုင်မြို့တွင်လည်း လူငယ် ၃၀ခန့် ဖမ်းဆီးခံလိုက်ရကြောင်း မလှိုင်မြို့နယ်ရှိ Guardians Of Mahlaing အဖွဲ့က ပြောသည်။

“ကျွန်တော်တို့သိရသလောက် မြို့ပေါ်တွေမှာဆွဲတာပါ၊ ညဘက်အိမ်ပေါ်အထိတက်ဆွဲတာရှိသလို ညဦးပိုင်းအပြင်ထွက်တဲ့လူငယ်တွေကိုဆွဲတာပါ။”ဟု အထက်ပါ အဖွဲ့က ပြောသည်။

မိတ္ထီလာနှင့် ကျောက်ဆည်မြို့နယ်များ၌ ဖမ်းဆီးခံရသည့်လူငယ်အရေအတွ​က်ကိုမူ မသိရသေးပေ။

စစ်ကောင်စီသည် လွန်ခဲ့သော ၁၄နှစ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်က ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လည်အသက်သွင်းခဲ့သည်။ ထို့နောက် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သားအများအပြား သေဆုံးနေ၍ စစ်သားလိုအပ်ချက်အရ စစ်မှုထမ်းရန် လူငယ်များအား အဓမ္မခေါ်ယူခဲ့ပြီးနောက် အပတ်စဉ် (၁)သင်တန်းကို ၂၀၂၄ ဧပြီ ၈ရက်တွင် စတင်ခဲ့သည်။

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသော်လည်း လူမပြည့်သေး၍ နိုဝင်ဘာလဆန်းပိုင်းကပင် စစ်ကိုင်းနှင့်တံတားဦးမြို့နယ်တွင်လည်း လူငယ်အများအပြားအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။