Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်၊ မြစ်သားနှင့် ဝမ်းတွင်းမြို့နယ်များတွင် ရေပြန်ကြီးနေ

မန္တလေးတိုင်း၊ ကျောက်ဆည်၊ မြစ်သားနှင့် ဝမ်းတွင်းမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာအများအပြား ရေပြန်လည်ဝင်ရောက်နေကြောင်း သတင်းရရှိသည်။

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာ ယနေ့နံနက်ပိုင်းက ရေပြန်တက်နေသည်ကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်၊ မြစ်သားနှင့် ဝမ်းတွင်းမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာအများအပြား ရေပြန်လည်ဝင်ရောက်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ၂၆ ရက်မှ ယနေ့(စက်တင်ဘာ ၂၈ရက်)နံနက်ပိုင်းအထိ ဆက်တိုက်ရွာသွန်းနေသောမိုးကြောင့် ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်းမြို့နယ်များတွင် မြစ်ချောင်းများ ရေပြန်တက်လာ၍ ယခင်ရေဘေးသင့် ကျေးရွာများ ရေဘေးဒုက္ခထပ်မံကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာ ယနေ့နံနက်ပိုင်းက ရေပြန်တက်နေသည်ကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

“လှူတဲ့အဖွဲ့တွေတောင် သွားလို့မရတော့ဘူး။ ပြန်လှည့်ရတယ်။ ရေစီးလည်းသန်တယ်။ လူတွေကလန့်နေကြပြီ။”ဟု ဝမ်းတွင်းမြို့နယ် ရေဘေးသင့်ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဆည်မြို့နယ်၌ ဇော်ဂျီမြစ်နှင့်ပန်းလောင်မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာ ၂၀ခန့် ရေပြန်လည်ဝင်ရောက်နေပြီး ရေထပ်တက်လာပါက ပြောင်းရွှေ့ရမည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဒေသများသည် စက်တင်ဘာ ဒုတိယပတ်အတွင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အပြင် ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်နေချိန် ရေပြန်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဘေးသင့်ကျေးရွာများမှာပြည်သူများမှာ အပူဖုများပေါက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လောပိတလမ်း၊ မင်းစုမီးပွိုင့်ထိပ်မှ ရှမ်းပိုင်းတံတားထိပ်၊ ရှမ်းပိုင်းတံတားထိပ်မှ သီရိမင်္ဂလာဈေးအတွင်းထိ ရေများဝင်ရောက်လာ၍ မြို့ပေါ်နေပြည်သူများ ယာယီရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာ ယနေ့နံနက်ပိုင်းက ရေပြန်တက်နေသည်ကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

မနက်ဖြန် (စက်တင်ဘာ ၂၉ ရက်)အထိ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်တို့တွင် နေရာစိပ်စိပ်၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူးတိုင်းတို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

စက်တင်ဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေကြီးခြင်းကြောင့် နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ် ကို ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်းကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်