Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့အနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား တစ်ဦးအရှင်ဖမ်းမိ

ဟားခါး-ထန်တလန်မြို့နယ်ကြား၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင်လည်း တိုက်ပွဲများ ဆက်ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ - Chinland News)
(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ - Chinland News)

◾️ချင်းပူးပေါင်းတပ် သိမ်းရထားသည့် ပွိုင့်(၃) စခန်းနေရာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့အနီးတွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ - Chinland News)
(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ – Chinland News)

“အဲဒီဘက်မှာ ခြေကုတ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်တွေနဲ့ ကျနော်တို့ ချင်းပြည်အစိုးရတို့ တိုက်ပွဲရှိတယ်။ စကစ ဘက်က ထွက်ပြေးတာကြောင့် စစ်ကောင်စီတပ်သား တစ်ဦးကို အရှင်ဖမ်းမိပြီးမှ လက်နက် ၂လက် သိမ်းဆည်းရရှိခဲ့တယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နိုဝင်ဘာ ၂၈ရက် နံနက်အစော ၃နာရီတွင် ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ ပွိုင့်(၃) စခန်း ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က နိုဝင်ဘာ ၂၅ရက်တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။

“ အဲဒီ ပွိုင့်သရီးပေါ့ စကစ တပ်စွဲထားတာ ဒါပေမဲ့ အခုက ဆုံးရှုံးခဲ့ပြီပေါ့ ချင်းလဲန်းကောင်စီ တပ်သားတွေက သိမ်းပိုက်နိုင်ခဲ့တဲ့ အဲဒီစခန်းကို။ သူတို့ ဆုံးရှုံးခဲ့ပြီးနောက်မှာ အဲဒီပွိုင့်သရီးစခန်းကို ဒီမနက် ၃နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ၆ကြိမ်လာဗုံးကြဲခဲ့တယ်။ ပြီးရင် ၄နာရီနဲ့ ၅နာရီ ကြားမှာ Y12နဲ့ ဗုံးအလုံး ၅၀ကျော် လာတိုက်ခိုက်ခဲ့တယ်။ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတွေမရှိပါဘူးတဲ့” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဟားခါး-ထန်တလန်မြို့နယ်ကြား၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင်လည်း တိုက်ပွဲများ ဆက်ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ - Chinland News)
(နိုဝင်ဘာ ၂၇ရက်က ဟားခါးမြို့အနီး ရရ်အူး(Rual U) သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်နေစဉ်၊ ဖမ်းမိစစ်သားနှင့် သိမ်းရသော လက်နက်နှစ်လက်။ ဓာတ်ပုံ – Chinland News)

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသလို ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့ကိုလည်း ချင်းညီနောင်နှင့်မဟာမိတ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။

မင်းတပ်နှင့် ဖလမ်းမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီကလေကြောင်း မှဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ် ခုခံနေသကဲ့သို့ တိုက်ပွဲမရှိသည့်ကျေးရွာအချို့ကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။