Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားရှိ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။

(စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းအား ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - VOC)
(စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းအား ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - VOC)

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်အချို့သိမ်းရ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများသုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခင် စစ်ကောင်စီတပ် သိမ်းထားသည့်စခန်းကို နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စီသရီးလို့ခေါ်လို့ရတယ်။ အဲဒီစခန်းကို ညနေပိုင်း ၅နာရီနဲ့ မိနစ် ၂၀လောက်မှာ ချင်းပြည်ကောင်စီတပ်ဖွဲ့က သိမ်းပိုက်နိုင်တာပေါ့။လက်နက်ခဲယမ်းတချို့နဲ့ စကစ အလောင်းလည်းရှိပါတယ်။ ပြီးရင် တချို့ထွက်ပြေးနိုင်တဲ့ သူတွေ ၉ယောက်လောက် ဟားခါး ပြည်သူ့ဆေးရုံမှာ ပို့ထားတယ်တဲ့။ ဟားခါးမှာ ရှိတဲ့ ဒေသခံတွေ ပြောကြားချက်အရ ကျနော်တို့သိရတယ်။ ဒီနေ့လည်း တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။

“ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးပေါ့။ အဲဒီလိုမျိုးရှိတယ်။ အခုဟားခါး ထန်တလန်ကြား တိုက်ပွဲရှိပါတယ်။ ဒီနေ့လည်း လေယာဉ်လာတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စီသရီးတောင်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် ၆လက်နှင့် ခဲယမ်းကျည်များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ရရှိခဲ့ကြောင်း သိမ်းပိုက်ရရှိ လက်နက်ခဲယမ်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

ထို့အပြင် ဟားခါး – ထန်တလန်ကြားရှိ အော်တိုတောင်တွင်လည်း စစ်ကောင်စီနှင့် ချင်းပြည်ကောင်စီတပ်များနီးကပ်စွာ ရှိနေပြီး တခါတရံ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဒရုန်း ဗုံးသီးချ တိုက်ခိုက်မှုများ ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထန်တလန်မြို့ပေါ်တွင်လည်း တိုက်ပွဲကြီးကြီးမားမားမရှိသေးဘဲ ဒရုန်းဖြင့် တိုက်ခိုက်မှု အချို့သာရှိသည်ဟုဆိုသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်များ ပူးပေါင်းဖွဲ့စည်းထားသည့်ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်များသည် ထန်တလန်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဇူလိုင်လလယ်မှစတင်ဆင်နွှဲခဲ့ရာ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး ထန်တလန် စစ်ကောင်စီတပ်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ဟားခါးမှတဆင့် ထန်တလန်ဘက်သို့ စစ်ကူအင်အားဖြည့်တင်းထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။