Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ
တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

မော်ဟွာဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူပါ။ မော်ကို ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟို စစ်ရေး ကော်မရှင်ကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးသာ ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက မော်ဟာ စည်းကမ်းပိုင်းဆိုင်ရာ ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေရတာလို့ ပြောပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းလေ့ ရှိတာမျိုးပါ။

မော်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ တတိယမြောက် ကိစ္စလို့တော့ ဆိုနိုင်ပါတယ်။ ဇွန်လတုန်းက တရုတ် အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ ဝေဖန်ဟီတို့ကို အဂတိ စွပ်စွဲချက်တွေနဲ့ အာဏာရ ပါတီထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အာဏာရ ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ထဲမှာ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် တစ်ဖက်မှာတော့ အဲဒီ ကိစ္စကို အကြောင်းပြပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံက အထပ်မြင့် တိုက်ခန်းတစ်ခုရဲ့ လုံခြုံရေး သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြုတ်ကျမသွားအောင် ဒေသခံတွေက ခွေးခြေခုံ တစ်ခုနဲ့ ခံထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ စက်သုံးဆီဆိုင်မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့က မနိုင်တဲ့အတွက် တရုတ်နိုင်ငံ မီးသတ်က လာ‌ရောက် ငြှိမ်းသတ်ပေးရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်နေရာကနေထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ရုပ်ရှင် တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာ ရွှေ့ဆိုင်းလိုက်ရကြောင်း ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။

နိုင်ငံတကာ

တရုတ်ငါးဖမ်းလှေကို ရေအမြောက် (အားပြင်းတဲ့ မီးသတ်ပိုက်)နဲ့ ထိုးခဲ့တဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိုင်ဝမ်က တာဝန်ယူရလိမ့်မယ်လို့ တရုတ် အစိုးရက သတိပေးလိုက်ပါတယ်။