Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ
တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

မော်ဟွာဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူပါ။ မော်ကို ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟို စစ်ရေး ကော်မရှင်ကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးသာ ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက မော်ဟာ စည်းကမ်းပိုင်းဆိုင်ရာ ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေရတာလို့ ပြောပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းလေ့ ရှိတာမျိုးပါ။

မော်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ တတိယမြောက် ကိစ္စလို့တော့ ဆိုနိုင်ပါတယ်။ ဇွန်လတုန်းက တရုတ် အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ ဝေဖန်ဟီတို့ကို အဂတိ စွပ်စွဲချက်တွေနဲ့ အာဏာရ ပါတီထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အာဏာရ ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ထဲမှာ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် တစ်ဖက်မှာတော့ အဲဒီ ကိစ္စကို အကြောင်းပြပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။