Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ
တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

မော်ဟွာဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူပါ။ မော်ကို ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟို စစ်ရေး ကော်မရှင်ကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးသာ ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက မော်ဟာ စည်းကမ်းပိုင်းဆိုင်ရာ ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေရတာလို့ ပြောပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းလေ့ ရှိတာမျိုးပါ။

မော်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ တတိယမြောက် ကိစ္စလို့တော့ ဆိုနိုင်ပါတယ်။ ဇွန်လတုန်းက တရုတ် အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ ဝေဖန်ဟီတို့ကို အဂတိ စွပ်စွဲချက်တွေနဲ့ အာဏာရ ပါတီထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အာဏာရ ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ထဲမှာ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် တစ်ဖက်မှာတော့ အဲဒီ ကိစ္စကို အကြောင်းပြပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် ပါရာဂွေးနဲ့ ဘီလစ်ဇီ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တရုတ်က ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။