Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တွေနဲ့ အတူ ASEAN Heritage History ဖော်ပြ

တရားမဝင်အာဏာသိမ်းစစ်တပ်ကို အာဆီယံက လက်ရှိအချိန်အထိ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုသေးဘဲ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီးညီလာခံစတင်နေချိန်မှာ အာဆီယံအမွေအနှစ်နှင့်သမိုင်း(ASEAN Heritage & History)က ဒေါ် အောင်ဆန်းစုကြည်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

“ဒီတစ်ပတ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြင်ပမိတ်ဖက်တွေဟာ အလှည့်ကျဥက္ကဌ ဘရူနိုင်းရဲ့ ဦးဆောင်မှုနဲ့ (၃၈) ကြိမ်မြောက်- (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ကျင်းပမှာပါ” လို့ ရေးသားပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံခေါင်းဆောင်တွေပါဝင်တဲ့ ဓာတ်ပုံကို ASEAN Heritage & History ဖေ့စ်ဘွတ်ခ်စာမျက်နှာကဖော်ပြခဲ့တာပါ။

တရားမဝင်အာဏာသိမ်းစစ်တပ်ကို အာဆီယံက လက်ရှိအချိန်အထိ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုသေးဘဲ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ASEAN Heritage & History က ဒေါ်အောင် ဆန်းစုကြည်ကို Myanmar State Counselor အဖြစ်လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို H.E Myanmar President အဖြစ်လည်းကောင်း ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြတာ မကြာခဏ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၅ ရက် AP သတင်းဌာနရဲ့ ဖော်ပြချက်တရပ်မှာလည်း စင်ကာပူနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံတာမျိုးရှိပေမယ့် အရပ်သားရွေးကောက်ခံ ဒေါ်အောင်ဆန်းစု ကြည်အစိုးရကိုသာ တရားဝင်အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။