Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တွေနဲ့ အတူ ASEAN Heritage History ဖော်ပြ

တရားမဝင်အာဏာသိမ်းစစ်တပ်ကို အာဆီယံက လက်ရှိအချိန်အထိ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုသေးဘဲ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီးညီလာခံစတင်နေချိန်မှာ အာဆီယံအမွေအနှစ်နှင့်သမိုင်း(ASEAN Heritage & History)က ဒေါ် အောင်ဆန်းစုကြည်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

“ဒီတစ်ပတ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြင်ပမိတ်ဖက်တွေဟာ အလှည့်ကျဥက္ကဌ ဘရူနိုင်းရဲ့ ဦးဆောင်မှုနဲ့ (၃၈) ကြိမ်မြောက်- (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ကျင်းပမှာပါ” လို့ ရေးသားပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံခေါင်းဆောင်တွေပါဝင်တဲ့ ဓာတ်ပုံကို ASEAN Heritage & History ဖေ့စ်ဘွတ်ခ်စာမျက်နှာကဖော်ပြခဲ့တာပါ။

တရားမဝင်အာဏာသိမ်းစစ်တပ်ကို အာဆီယံက လက်ရှိအချိန်အထိ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုသေးဘဲ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုတာဖြစ်တယ်လို့ လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ASEAN Heritage & History က ဒေါ်အောင် ဆန်းစုကြည်ကို Myanmar State Counselor အဖြစ်လည်းကောင်း၊ သမ္မတဦးဝင်းမြင့်ကို H.E Myanmar President အဖြစ်လည်းကောင်း ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြတာ မကြာခဏ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၅ ရက် AP သတင်းဌာနရဲ့ ဖော်ပြချက်တရပ်မှာလည်း စင်ကာပူနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံတာမျိုးရှိပေမယ့် အရပ်သားရွေးကောက်ခံ ဒေါ်အောင်ဆန်းစု ကြည်အစိုးရကိုသာ တရားဝင်အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ