Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA ပူးပေါင်းတပ် အောင်မြင်မှုများရနေ

ယနေ့ (ဒီဇင်ဘာ ၅ရက်)တိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

(ဗန်းမော်မြို့တည်နေရာပြ မြေပုံ)
(ဗန်းမော်မြို့တည်နေရာပြ မြေပုံ)

◾️စစ်ဆင်ရေးဒုတိယနေ့တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၅ခုကို သိမ်းပိုက်နိုင်၊ အလင်းဝင်သူများရှိဟု သတင်းရင်းမြစ် ပြော

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့၌ ယနေ့ (ဒီဇင်ဘာ ၅ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIAပူးပေါင်းတပ်များက အောင်မြင်မှုများရရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

KIA ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၄ရက် နံနက်အစောတွင် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းအချို့နှင့် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့တစ်ရက်အတွင်း စစ်ကောင်စီတပ်စွဲရာ နေရာ ၁၀ခုကို သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယနေ့ (ဒီဇင်ဘာ ၅ရက်)တိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“အလင်း၀င်သူများရှိ။ဗန်းမော်မြို့နေရာ အများစုရှင်းလင်း၀င်ရောက်နေရာယူပြီး။ စကခ၂၁သို့ ယခုY12မှ ခဲယမ်းထုပ် များချပေးနေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကိုလည်း ယနေ့ ဗန်းမော်မြို့တိုက်ပွဲ အခြေအနေမေးမြန်းရာ ထူးခြားမှုရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် အသေးစိတ် အခြေအနေများ အသိပေး၍ မရဟု ပြောသည်။

“ ဗန်းမော်ကတော့ ကျနော်တို့ဘက်က အခုက တော်တော်ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းလောက်အောင်မြင်ပြီ။ အသေးစိတ်တော့ ကျနော်မပြောပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်က တောက်လျှောက်တက်နေတာအဲဒီဘက်မှာ။ ဒီညနေလည်းပဲ တောက်လျှောက်တက်တယ် လေယာဉ်က ။ဗုံးကြဲတဲ့ အသံမကြားဘဲလာဝဲဝဲ လုပ်နေတာ။ မနေ့ကတော့ တနေကုန်။ ဒီနေ့လည်း နေ့လည်လောက်တော့ လေးငါးခါတော့ လာကြဲသွားတယ်။ မနေ့ညဆို ခြောက်ခါလောက်လာကြဲသွားတယ်။ ကျနော်လည်း အဲဒီလို သတင်းရတယ်နော”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားရာ အဆက်အသွယ်မရသေးပေ။

KIA အနေဖြင့် စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီ အသိပေး ထုတ်ပြန်ခြင်းမပြုသကဲ့သို့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု၊ စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု အသေးစိတ် အခြေအနေများ သတင်းထုတ်ပြန်လေ့မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။