Connect with us

Hi, what are you looking for?

သတင်း

KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပထမရက်စစ်တပ်စွဲရာနေရာ ၁၀နေရာကျော်ကို သိမ်းပိုက်

စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲပြီး မိုးမောက်- ဗန်းမော်ကြားရှိ ၇ မိုင်ဒေသမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာလျက်ရှိသည်ဟုသိရသည်။

KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပထမရက်စစ်တပ်စွဲရာနေရာ ၁၀နေရာကျော်ကို သိမ်းပိုက်
KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပထမရက်စစ်တပ်စွဲရာနေရာ ၁၀နေရာကျော်ကို သိမ်းပိုက်

▪︎တင့်ကား ၁စီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိဟု သတင်းရင်းမြစ်အသိပေး

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်နှင့် မံစီဒေသ တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ထိုးစစ်ပထမနေ့ ဒီဇင်ဘာ ၄ရက်တွင် စစ်ကောင်စီ တပ်စွဲရာနေရာ ၁၀ နေရာကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောသည်။

KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက မံစီမှ ဗန်းမော်မြို့အဝင် စစ်ကောင်စီ၏ ရှေ့တန်း ခလရ(၄၇) ကာကင်းစခန်းများဖြစ်သည့် ဖန်းခါးကုန်း ဂိတ်စန်းနှင့် ညောင်ပင်သာ စခန်း ကို ဒီဇင်ဘာ ၄ ရက် မနက်အစောပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ထို့အပြင် တက္ကသိုလ် အပါအဝင် ရွာကြီး ၈ရွာအား ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ဟု သတင်းရင်းမြစ်တဦးက​ပြောသည်။

တိုက်ပွဲအတွင်း တင့်ကား ၁စီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲပြီး မိုးမောက်- ဗန်းမော်ကြားရှိ ၇ မိုင်ဒေသမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာလျက်ရှိသည်ဟုသိရသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “ဒါတွေတော့ ဟုတ်တယ်။ တက္ကသိုလ် ကျောင်းဝင်းကတော့ မနေ့က ၃နာရီခွဲလောက်မှာ အပြီးအစီးသိမ်းလိုက်တယ်။ ကျန်တဲ့ဟာတွေတော့ သိမ်းတော့ သိမ်းတယ် ဒါပေမဲ့ ကျနော်တို့ သတင်းမထုတ်တယ်ဆိုတာက အဓိကအချက်က လေယာဉ်တွေ ကို သတိထားရတာပေါ့။ အဲဒါကြောင့် တချို့သတင်းတွေကျတော်တို့ မထုတ်တာ” ဟု ပြောသည်။

ရှေ့တန်းရောက် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအရ စစ်ရေးသတင်းလုံခြုံမှုကို အဓိက ဦးစားပေးနေရသည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။

KIAနှင့်ပူးပေါင်းတပ်သည် မံစီနှင့် ဗန်းမော် ရှိ စစ်ကောင်စီတပ်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဗန်းမော်-မိုးမောက်ကြား ၇မိုင်နှင့် ၄မိုင်နေရာများရှိ စစ်ကောင်စီတပ်များကိုလည်း တိုက်ခိုက်လျက်ရှိသည်ဟု သတင်းရင်းမြစ်အချို့က ​ပြောသည်။

KIA က ပြီးခဲ့သည့် သြဂုတ်လ တွင် ဗန်း​မော်မြို့၏ အဓိက ခံစစ်စခန်းဖြစ်​သော မိုး​မောက်မြို့နယ်ရှိ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ-၄၃၇)ကိုသိမ်းပိုက်ခဲ့သည်။ ခမရ (၄၃၇)တပ်ရင်းသိမ်းပိုက်ခံရပြီး​နောက် ဗန်း​မော်မြို့ အ​ရှေ့ပိုင်းတွင် ခံစစ်မရှိ​တော့၍ မြို့အသိမ်းခံရမည်ကိုစိုးရိမ်​နေ​သော စစ်​ကောင်စီက ခမရ (၄၃၇)ပြန်သိမ်းနိုင်ရန် ဗန်း​မော်မှ စစ်​ကြောင်းများပို့၍ ဆက်တိုက် တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဗန်း​မော်မြို့မှ စစ်​ကြောင်းများ ခမရ (၄၃၇)ပြန်ရရန် ဗန်း​မော် နှင့် မိုး​မောက်မြို့ကြား ၇ မိုင် ၊ ၄ မိုင်တို့တွင် စစ်​ကြောင်းထိုးရင်း တိုက်ပွဲဖြစ်​နေစဥ် KIA နှင့် မဟာမိတ်ပူး​ပေါင်းတပ်များက ​နောက်တွင်ကျန်​နေ​သော ဗန်း​မော်မြို့ရှိ စစ်တပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက် မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ ၇ မိုင်မှ စစ်တပ်များ​နောက်ပြန်ဆုတ်လာခြင်းဖြစ်သည်။

ခမရ ဒီဇင်ဘာ ၄ ရက်နေ့ တိုက်ပွဲတွင် အရပ်သား သေဆုံးမှု အချို့ရှိခဲ့ပြီး ဗန်းမော် ၃မိုင် ရှိ ဆီဆိုင်၊ စျေးဆိုင်တန်းများ မီးလောင်ခဲ့ကြောင်းစုံစမ်းသိရသည်။ထို့ပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း အပျက်အစီးများစွာရှိနေသည်ဟု ဒေသခံတို့က အသိပေးသည်။

ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး ၊စစ်တပ်က ပြည်သူများထွက်ခွာမည့်လမ်း​ကြောင်းကိုပိတ်ထား၍ ပိတ်မိ​နေ​သောပြည်သူများလည်း ရှိ​သေးကြောင်း ဒေသခံအချို့က အသိပေးထားသည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့သည် တရုတ်နယ်စပ်နှင့် မိုင် ၄၀ ကွာ​ဝေးပြီး မြို့​တော် မြစ်ကြီးနားမြို့ ၏ ​တောင်ဘက် ၁၁၅ မိုင်အကွာတွင်တည်ရှိငည်။ ဗန်း​မော်မြို့သည် ခရိုင်မြို့ဖြစ်ပြီး ခရိုင်အတွင်း ဗန်း​မော်မြို့ နယ် ၊ မံစီမြို့နယ် ၊​ရွှေကူမြို့နယ် ၊ မိုး​မောက်မြို့နယ်တို့ပါဝင်ပြီး မြို့ ၇ မြို့တည်ရှိသည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ ဗန်း​မော်မြို့တွင် လူဦး​ရေ ၅၈၀၀၀ ​ကျော် ၊ မြို့နယ်အတွင်းရှိ​ကျေးရွာများတွင် လူဦး​ရေ ၇၇၀၀၀ ​ကျော်ရှိပြီး ဗန်း​မော်မြို့နယ်တွင် လူဦး​ရေ စုစု​ပေါင်း ၁၃၅၀၀၀ ​ကျော်​​နေထိုင်သည်။

မြို့အ​ရှေ့ဘက်တွင် မိုး​မောက်မြို့နှင့် လွယ်ဂျယ်မြို့ ၊ ​တောင်ဘက်တွင် မံစီမြို့ ၊ အ​နောက်ဘက်တွင် ​ရွှေကူ နှင့် မြို့လှမြို့ ၊ ​မြောက်ဘက်တွင်ဆင်ဘိုနှင့် ​ဒေါ့ဖုန်းယန်မြို့တို့ရှိသည်။ဗန်း​မော်မြို့အနီးရှိ မိုး​မောက် ၊လွယ်ဂျယ် ၊မံစီ ၊ မြို့လှ ၊ဆင်ဘို ၊​ဒေါ့ဖုန်းယန် မြို့တိုကိုလည်း KIA ကသိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။