Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့ပေါ်ပြည်သူများ ဒီဇင်ဘာလကုန်နောက်ဆုံးထားထွက်ခွာကြရန် ပအဖ ထုတ်ပြန်

ထီးလင်းမြို့ပေါ်နေ ပြည်သူများသိရှိစေရန် အထူး သတိပေး ထုတ်ပြန်ကြေညာခြင်းဟုဆိုကာ ပအဖက ဒီဇင်ဘာ ၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၃ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ယောလူထုတိုက်ပွဲကော်မတီ)
(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၃ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ယောလူထုတိုက်ပွဲကော်မတီ)

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ဆင်ရေးများ ပိုမိုပြင်းထန်လာမည်ဖြစ်သဖြင့် မြို့ပေါ် နေထိုင်သူများအားလုံး ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား မြို့ပေါ်မှထွက်ခွာကြရန် အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့ခံများအနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ စိုးမိုးနယ်မြေများသို့ လာရောက်ခိုလှုံကြရန် ထီးလင်းမြို့နယ် ပအဖက အသိပေးသည်။

ထီးလင်းမြို့ပေါ်နေ ပြည်သူများသိရှိစေရန် အထူး သတိပေး ထုတ်ပြန်ကြေညာခြင်းဟုဆိုကာ ပအဖက ဒီဇင်ဘာ ၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြို့ပေါ်နေ ပြည်သူများအနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများသို့ လာရောက် ခိုလှုံကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများအမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်ကြရန်လည်း တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၊ ပအဖ ၊ ပကဖ များနှင့် တပ်ရင်းတပ်ဖွဲ့များက ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများအားလုံးကို နွေးထွေးစွာ ကြိုဆိုနေသည်ဟု ဆိုသည်။

သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်မှ ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားသည်။

” ရှောင်ကြတဲ့သူ ရှောင်နေကြပြီ။ စစ်တပ်ဘက်က လူတွေလည်း နေရဲမယ်မထင်ဘူး။ တော်လှန်ရေးဘက်က ထိန်းချုပ်ဧရိယာ ပိုကြီးတယ်။ စစ်တပ်က မြို့ပေါ်ပဲရှိတာ”ဟု ထီးလင်းမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ထီလင်းမြို့ရှိ ရွှေထီးခန်းမ၊ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဘောလုံးကွင်းတို့၌ တပ်စွဲထားပြီး မြို့ပေါ်နေအိမ်အချို့တွင် ပျူစောထီးများအား နေရာချထားသည်ဟု သတင်းရရှိသည်။

” တိုက်ပွဲကြီးဖြစ်လာနိုင်တယ်။ တော်လှန်ရေးဘက်က သတိပေးထားပြီ”ဟု မြို့မှတိမ်းရှောင်ခဲ့သည့် ဒေသခံတဦးက ပြောသည်။

ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စသည့် ၅ မြို့နယ်ကို ယောဒေသဟု ခေါ်ဝေါ်ပြီး စစ်ကောင်စီတပ်အား တော်လှန်ရာတွင် စုဖွဲ့မှုအားကောင်းသည့် ဒေသဖြစ်သည်။

ထီးလင်းမြို့သည် ချင်းပြည်နယ်ဖြင့်လည်း ထိစပ်နေပြီး ယောကာကွယ်ရေးတပ်(YDF)အပြင် ဂန့်ဂေါခရိုင်တပ်ရင်းများလည်း အဆိုပါဒေသအတွင်း အခြေစိုက်ထားသည်။

ထီးလင်းမြို့သည် ပခုက္ကူမြို့မှ (၉၇)မိုင်ခန့် ကွာဝေးပြီး ချင်းလူမျိုးအများအပြားလည်း နေထိုင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။