Connect with us

Hi, what are you looking for?

သတင်း

၈၈အရေးတော်ပုံကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးတာဝန်ယူခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမြတ်စံ ကွယ်လွန်

ယ‌နေ့ (ဒီဇင်ဘာ ၆ရက်) နံနက် ၆နာရီခွဲတွင် ရန်ကုန်မြို့နေအိမ်၌ နှလုံးအမောဖောက်၍ ကွယ်လွန်သွားခြင်းဟု ကိုမြတ်စံ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

(ကွယ်လွန်သွားသူ ကိုမြတ်စံအား တွေ့ရစဉ်။ ဓာတ်ပုံ − Mya Aye/ FB)
(ကွယ်လွန်သွားသူ ကိုမြတ်စံအား တွေ့ရစဉ်။ ဓာတ်ပုံ − Mya Aye/ FB)

အိမ်သွင်/People’s Spring

၈၈အရေးတော်ပုံကာလတွင် ဒီချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး တာဝန်ယူခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်စံ ယနေ့နံနက်ပိုင်းတွင် နှလုံးအမောဖောက်၍ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

မိတ်ဆွေအပေါင်းအသင်းများကြား လူချစ်လူခင်ပေါ်များသည့် ကိုမြတ်စံသည် စိန့်ပေါလ်ကျောင်းသားဟောင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၅၉)နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ယ‌နေ့ (ဒီဇင်ဘာ ၆ရက်) နံနက် ၆နာရီခွဲတွင် ရန်ကုန်မြို့နေအိမ်၌ နှလုံးအမောဖောက်၍ ကွယ်လွန်သွားခြင်းဟု ကိုမြတ်စံ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ထောင်ထဲက ဒဏ်တွေလေဗျာ။ သူ ထောင်နှစ်ရှည်နေခဲ့ရတာ။ လွတ်ကာနီးမှ ထပ်ပြီး အမှုတွေတိုးပြီး‌ ထောင်ထပ်ချခံခဲ့ရတာ”ဟု ကိုမြတ်စံ၏မိတ်ဆွေက ပြောသည်။

၈၈ အရေးတော်ပုံကာလတွင် ဒီချုပ်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လူထုနှင့်တွေ့ဆုံပွဲများတွင် လုံခြုံရေးယူရန်အတွက် ဖွဲ့စည်းခဲ့သည့် သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့တွင် ကိုမြတ်စံကဦးဆောင်ပါဝင်ခဲ့သည်။

ယင်းအချိန် စစ်အစိုးရက ကိုမြတ်စံကို ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။ ပြန်လွတ်မြောက်လာချိန်၌ ခါးနာဝေဒနာနှင့် အခြားအသေးစားကျန်းမာရေးချို့ယွင်းများရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကိုမြတ်စံ၏ မိတ်ဆွေဖြစ်သော တေးရေးဆရာနိုင်မြန်မာက” မြတ်စံရေ ဒါငါတို့သွားရမယ့်လမ်းလား။

ငါတို့ကို မသိချင်ယောင်ဆောင်နေတဲ့ နိုင်ငံတော်ကြီးကို လှည့်ကြည့်မနေပါနဲ့တော့ကွာ။ မင်းသွားစရာရှိတဲ့အရပ်ကိုသာ သွားပါတော့ငါ့ညီရေ။ ဘာများလွမ်းစရာရှိလို့လည်းကွာ။ နာစရာတွေနဲ့ဒင်းကြမ်းပြည့်နေတဲ့ နိုင်ငံကြီးပါကွာ”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကိုမြတ်စံကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမြအေးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။