Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ခံရ

စစ်ကောင်စီ ရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီး နိုင်သလို ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN က တဆင့် ဆက်ပြုလုပ်ရနေမှာ ဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ခံရ
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ခံရ

▪︎မြန်မာပြည်သူတွေရဲ့ အောင်ပွဲဟု သံအမတ်ကြီးပြော

အီယိုရီ/People’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များအတိုင်း ဆက်လက်ခန့်အပ်ကြောင်း ကုလသမဂ္ဂရဲ့ Credentials Committee က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို အပြည့်အဝကိုယ်စားပြု ရပ်တည်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ လက်ရှိအတိုင်း ဆက်လက်အတည်ပြုခဲ့တာပါဖြစ်ပါတယ်။

“စစ်ကောင်စီ ရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီး နိုင်သလို ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN က တဆင့် ဆက်ပြုလုပ်ရနေမှာ ဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။ ပြည်သူ့တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်ပြီး အားတအား ဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲတစ်ခုပါပဲ” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးကို ဒီဇင်ဘာ ၆ ရက် မြန်မာစံ​တော်ချိန် ည ၁၁ နာရီဝန်းကျင်မှာပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂ ညီလာခံ၊ အစည်းအဝေးများမှတဆင့် ကုလအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာက သိရှိအောင် စဥ်ဆက်မပြတ် ရှင်းလင်းအစီရင်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။