Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတဟောင်း အာဆတ်ရဲ့ ဖခင် ဂူသင်္ချိုင်း နေရာကို ဆီးရီးယား တော်လှန်ရေးတပ်တွေ မီးရှို့

ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဟာဖက်ဇ် အယ်လ် အာဆတ်ရဲ့ ဂူသင်္ချိုင်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဟာဖက်ဇ် အယ်လ် အာဆတ်ရဲ့ ဂူသင်္ချိုင်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဟာဖက်ဇ် အယ်လ်အာဆတ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်တွေ မြို့တော် ဒမတ်စကက်ကို ဝင်ရောက်မသိမ်းပိုက်ခင် နာရီပိုင်း အလိုမှာ ရုရှားကို ထွက်ပြေး တိမ်းရှောင်သွားခဲ့တဲ့ သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ အာဆတ် မိသားစုဟာ ဆီးရီးယားကို ရက်စက်ကြမ်းကြုတ်လှတဲ့ နည်းလမ်းတွေနဲ့ ၅၄ နှစ်ကြာအောင် မျိုးဆက်နှစ်ခုပြောင်း အုပ်ချုပ်ခဲ့ပေမယ့် အခုတော့ ထွက်ပြေး တိမ်းရှောင်ရတဲ့ အဆင့်ကို ရောက်သွားပါပြီ။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ အာဆတ် မိသားစုရဲ့ ဇာတိဖြစ်တဲ့ လာကက်တီယာ ဒေသထဲက ကွာဒါဟာမြို့က ဂူဗိမာန်ထဲမှာ တခမ်းတနား ထားရှိတဲ့ ဂူသင်္ချိုင်း နေရာကို မီးရှို့ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် အမျိုးသားတွေဟာ မီးစွဲလောင်နေတဲ့ သင်္ချိုင်းနေရာနားမှာ လှည့်ပတ်ပြီး အောင်ပွဲခံ ကြွေးကြော်နေတာကို ဗီဒီယိုတွေထဲမှာ တွေ့နေခဲ့ရပါတယ်။ ပြီးတော့ ဂူဗိမာန် အဆောက်အအုံကြီးထဲကနေ မီးခိုးတွေ အူထွက်နေတာကိုလည်း အဝေးကနေ မြင်ခဲ့ရပါတယ်။

ဆီးရီးယား နိုင်ငံအနှံ့မှာ စိုက်ထူထားတဲ့ အာဆတ် သားအဖရဲ့ ရုပ်တုတွေ၊ ပိုစတာတွေကိုလည်း ပြည်သူတွေနဲ့ တော်လှန်ရေး တပ်တွေက ဖျက်ဆီးပစ်နေကြတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၁ ခုနှစ်က ဆီးရီးယားမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုကြီး စတင်လာပြီး အာဆတ်က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့ရာကနေ ပြည်တွင်းစစ်မီး စတင် တောက်လောင်ခဲ့ပါတယ်။ အစောပိုင်းမှာ ဆီးရီးယား အစိုးရဟာ မဟာမိတ် ရုရှား၊ အီရန်တို့ရဲ့ အကူအညီကြောင့် တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ထားနိုင်ခဲ့ပေမယ့် နိုဝင်ဘာ လဆန်းမှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး အစပြုလာတဲ့ ထိုးစစ်ဒဏ်ကို မခံနိုင်ဘဲ ၁၂ ရက်အတွင်း အစိုးရ ပြိုလဲသွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း ဟာဖက်ဇ်ဟာ ဆီးရီးယားကို ၁၉၇၁ ခုနှစ်ကနေ သူသေဆုံးချိန် ၂၀၀၀ ပြည့်နှစ်ထိ အုပ်စိုးခဲ့ပြီး အဲဒီနှစ်မှာပဲ သားဖြစ်တဲ့ သမ္မတ အာဆတ်က အရိုက်အရာ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။