Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတစ်ဦးသေဆုံးမှု ကျူးလွန်သူများအရေးယူပေးရန် CNAကို PDF ဇိုလဲန်း တောင်းဆို

ချင်းညီနောင်၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ယခင်ကလည်း ပြဿနာအချို့ တိုက်ပွဲအချို့ ရှိခဲ့သည်။

(PDF Zoland မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDF Zoland)
(PDF Zoland မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDF Zoland)

ထားမြတ်/People’s Spring

ချင်းအမျိုးသားတပ်မတော်(CNA)က တီးတိန်မြိုခံပြည်သူတစ်ဦးဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဇိုလဲန်းက ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူများအရေးယူပေးရန် အရေးကြီးဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

တီးတိန်မြို့ စကောလမ်းရပ်ကွက်နေ တာလန့်ခန့်ဆွင်းဆိုသည့် အမျိုးသားတစ်ဦးသည် တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်းကျေးရွာအနီး၌ CNA တပ်ဖွဲ့များက ဒီဇင်ဘာ ၉ရက်တွင် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၀ရက် နံနက်တွင် အဖမ်းခံရသူ သေဆုံးခဲ့သည်ဟု PDF ဇိုလဲန်းက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူသည် စိတ်ကျန်းမာရေး ချို့ယွင်းသူဖြစ်ကြောင်း ၊ CNA တပ်ဖွဲ့ဝင်များက ရိုက်နှက်နှိပ်စက်ရာ လက်လွန်သေဆုံးသွားကြောင်း PDF ဇိုလဲန်းက ဖော်ပြခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ CNA ၏ တုံ့ပြန်မှုရရှိရန် အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီထံ မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ သေဆုံးမှုအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် PDF ဇိုလဲန်းက ထုတ်ပြန်ခဲ့ပြီး ချင်းလူမျိုး အချင်းချင်း အကြောင်းမဲ့ သတ်ဖြတ်မှုများရပ်တန့်ရန် သတိပေးကြောင်း ဖော်ပြသည်။

“ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးဖို့ အရေးကြီးပါတယ်။” ဟု PDF ဇိုလဲန်း တာဝန်ရှိသူတ စ်ဦးက ပြောသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး CNAအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲကများဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတပ်များနှင့် ယခင်ကလည်း ပြဿနာ အချို့ရှိခဲ့သည်။

ချင်းညီနောင်၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ယခင်ကလည်း ပြဿနာအချို့ တိုက်ပွဲအချို့ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့