Connect with us

Hi, what are you looking for?

သတင်း

တရုတ် − မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ် ယနေ့ တရားဝင်ဖွင့်လှစ်

ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း ယနေ့ နေ့လည်ပိုင်းတွင် လွယ်ဂျယ်ဂိတ် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်ဟု ပြောသည်။

(တရုတ် − မြန်မာနယ်စပ်ရှိ လွယ်ဂျယ်ဂိတ် ယနေ့ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − The Kachin Net)
(တရုတ် − မြန်မာနယ်စပ်ရှိ လွယ်ဂျယ်ဂိတ် ယနေ့ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − The Kachin Net)

◾️ကုန်တင်ယာဉ်များ အပြန်အလှန်သွားလာမှုရှိုဆို

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ယနေ့(ဒီဇင်ဘာ ၁၆ရက်) မွန်းလွဲပိုင်းကစတင်ပြီး တရုတ်နှင့် KIA နှစ်ဖက်စလုံးက တရားဝင်ဖွင့်လှစ်ပြီး ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ကိုယ်စားလှယ်များဖြင့် ဆွေးနွေးမှုရလဒ်များအရ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ရာ ယနေ့တွင် အပြန်အလှန် ကုန်စည်ဖြတ်သန်းမှု ရှိလာခြင်းဖြစ်သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း ယနေ့ နေ့လည်ပိုင်းတွင် လွယ်ဂျယ်ဂိတ် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

(တရုတ် − မြန်မာနယ်စပ်ရှိ လွယ်ဂျယ်ဂိတ် ယနေ့ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − The Kachin Net)
(တရုတ် − မြန်မာနယ်စပ်ရှိ လွယ်ဂျယ်ဂိတ် ယနေ့ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − The Kachin Net)

“လူတွေဝင်ဝင်၊ ထွက်ထွက် အဲဒီလို ဖြတ်သန်းသွားလာတာမရှိသေးဘူး။ ဒါပေမဲ့ မြန်မာဘက်ခြမ်းက ကုန်ကားကြီးတွေ မိုးကာအုပ်ထားတဲ့ ကုန်ကားကြီးတွေတော့ တရုတ်ဘက်ခြမ်းတော့တန်းစီပြီးသွားနေတယ်လို့ ပြောကြားထားပါတယ်။ တရုတ်ဘက်က ကုန်ကားအချို့လည်း ဒီဘက်ကို ကူးလာနေတယ်လို့ တော့ ပြောပါတယ်။ ဒါပေမဲ့ ဘာတွေ တင်ဆောင်ထားလဲ ဘယ်လောက်ထိ ခွင့်ပြု သဘောတူညီချက်ရယူထားတယ်ဆိုတာ သူတို့တော့မသိသေးဘူးလို့ ပြောပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ် အခြေအနေနှင့်ပတ်သက်ပြီး KIOနှင့် တရုတ်အစိုးရ အကြား မည်သို့ သဘောတူညီမှုများ ရယူခဲ့သည်ကို KIA သတင်းပြန်ကြားရေဌာနတာဝန်ခံက အသိပေးပြောကြားမှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“တခြားကုန်သွယ်ရေးဂိတ်ဖွင့်တာတော့ မကြားမိသေးပါဘူး” ဟု ဦးဇော်ဆန်က ပြောသည်။

KIAသည် ယခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်းနှင့်မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လွယ်ဂျယ်နှင့် ကန်ပိုက်တီစသည့် တရုတ် − မြန်မာကုန်သွယ်ရေးနယ်စပ်ဂိတ်များကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ KIAသည် လွယ်ဂျယ်မြို့ကို ယခုနှစ် ဧပြီအတွင်းက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် KIAက ၂၀၂၄ အောက်တိုဘာ ၁၈ရက်တွင် ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပန်ဝါအပါအဝင် KIAနယ်မြေရှိ နယ်စပ်ဂိတ်များကို အောက်တိုဘာ ၁၉ရက်က စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ဘက်က ပိတ်ပင်ခဲ့၍ KIAကလည်း နောက်ပိုင်းတွင် အတားအဆီးများ ပြန်လည်ချထားခဲ့ရာ ယခု ဒီဇင်ဘာ ဒုတိယပတ်တွင် KIO ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံ ခရီးစဉ်အပြီးတွင် ယခုကဲ့သို့ ဂိတ်များပြန်လည်ဖွင့်လှစ်မှုရှိလာခြင်းဖြစ်သည်။

နယ်စပ်ဂိတ်များ ဖွင့်လှစ်မှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့ရာယနေ့ ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၁နာရီတွင် နယ်စပ်ဂိတ်ပြန်ဖွင့်ခဲ့သည်ဟု ကချင်ဘာသာဖြင့် အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။