Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်စတင်

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်
၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်

▪︎စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းရ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ၁၅ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြောသည်။

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်
၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်

စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAနှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ်နီးပါး ကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွား​နေဆဲ​ဖြစ်သည်။

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်
၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အများစုကို KIA မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် ခုခံလျက်ရှိသည်။တိုက်ပွဲကြောင့် မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဒီဇင်ဘာ ၁၅ရက်နေ့ တွင် စစ်ကောင်စီက မံစီနှင့် ဗန်းမော်သို့ လေကြောင်းအသုံးပြု ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များ ဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သကဲ့သို့ KIA ဘက်ကလည်း လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)နှင့် ခလရ(၄၇)တပ်ရင်းအနီးဝန်းကျင်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကချင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖို့ဂရပ်ဖစ်
ကချင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖို့ဂရပ်ဖစ်

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ်တွင်အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် မဘိမ်းမြို့နှင့် နမ့်ဖက်ကာ​ဒေသကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။

(၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအိုPDF (K-PDF) ၊ Kagabu People Force(KPF)ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်နှင့် ကချင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖို့ဂရပ်ဖစ်။ဓါတ်ပုံ- K-PDF)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Facebook