Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၃၀ခန့် သေဆုံး

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိကာ ဒရုန်းတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

(ဒီဇင်ဘာ ၁၇ရက်က ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)
(ဒီဇင်ဘာ ၁၇ရက်က ရေကန်တောင် စစ်ကောင်စီစခန်းကုန်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေါနတပ်ရင်း)

▪️လက်နက် ၁၀လက်ရ၊ တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးဟု အသိပေး

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်မှု ၂၁ကြိမ်ရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၂၁ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၀ရက်ထိ ၇ရက်တာကာလအတွင်း ရန်သူစစ်ကောင်စီတပ်အား တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအနက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၈ကြိမ်နှင့် စခန်းသိမ်းတိုက်ပွဲ ၂ကြိမ် ပါဝင်သည်ဟု အသိပေးသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA အမျိုးအစား ၇ လက်၊ G3 ၂ လက်၊ ၆၀ မမ ပြောင်းတို တစ်လက် စုစုပေါင်းလက်နက်မျိုးစုံ ၁၀လက်နှင့်ကျည်၊ ခဲယမ်းများရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိကာ ဒရုန်းတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး ဒေသများ ပါဝင်ရာ ယင်းဒေသတွင်း စစ်ရေး အခြေအနေများကို အပတ်စဉ် ထုတ်ပြန်အသိပေးလျက်ရှိသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းတိုက်ပွဲများအနက် ဒီဇင်ဘာ ၁၇ရက်က PDFနှင့် မွန်၊ ကရင် တော်လှန်ရေးတပ်များ ပူးပေါင်းပြီး မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ရွာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး တနင်္သာရီတိုင်း ရေဖြူညမို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင်တပ်စခန်းကိုလည်း ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှုများ ရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် PDF ဒေါနတပ်ရင်းက အသိပေးထားသည်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းက စစ်ရေးလှုပ်ရှားမှု ဆက်ရှိနေ၍ တော်လှန်ရေး ပူးပေါင်းတပ်များက လည်း ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဒေါနတပ်ရင်း စစ်ကြောင်းမှူး စောဒါးကိုက ယမန်နေ့ ဒီဇင်ဘာ ၂၀ရက်တွင် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။