Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စစ်ရှုံးပြီးရိုက်ခက်မှုများစွာဖြစ်နေချိန် အကောင်းဆုံးပြင်ဆင်ရင်ဆိုင်တိုက်ပွဲဝင်ကြရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

လက်ရှိတွင် စစ်ကောင်စီဘက်က စစ်ရှုံးနိမ့်မှု၏ ရိုက်ခတ်မှုများနှင့် များစွာလှုပ်လှုပ်ရှားရှား ဖြစ်နေချိန်ဖြစ်သည်ဟု ဆိုသည်။

(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)
(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)

ဟန်နွေ/People’s Spring

တော်လှန်ရေးအင်အားစုများအနေဖြင့် ရေရှည်အစီအမံများဖြင့် အချိန်ကုန်နေ၍ မဖြစ်ဘဲ စစ်ကောင်စီ စစ်ရှုံးနေချိန် အကောင်းဆုံး ပြင်ဆင်ရင်ဆိုင်တိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၂၄ရက် အစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က စစ်ရှုံးနိမ့်မှု၏ ရိုက်ခတ်မှုများနှင့် များစွာလှုပ်လှုပ်ရှားရှား ဖြစ်နေချိန်ဖြစ်သည်ဟု ဆိုသည်။

(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)
(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)

“ ဒီလိုအချိန်မျိုး မှာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက ရေရှည်သွားရမယ့် အစီအမံတွေနဲ့ပဲ အချိန် ကုန်နေလို့ မဖြစ်ပါဘူး။ မြန်မြန်ဆန်ဆန် စီမံသင့်တာစီမံပြီး ရှေ့ဆက်ကြရမယ့် အချိန်ဖြစ်ပါ တယ်။ စစ်အုပ်စုဟာ ရှုံးနိမ့်မှုမျိုးစုံ ရင်ဆိုင်နေရပေမယ့် နိုင်ငံတကာဘက်ကိုတော့ ရွေးကောက်ပွဲကတစ်ဆင့် ပြန်ဝင်နိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်နေတာ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၅ ဟာ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်တိုက်ပွဲ ဝင်ကြရမယ့်နှစ်ပဲ ဖြစ်ပါတယ်။ အချိန်တွေ၊ လူတွေ၊ ငွေတွေ အားလုံးကို တန်ဖိုးရှိရှိ အသုံးချကြရမယ့် အချိန်ဖြစ်ပါတယ်။လုပ်ဆောင်ချက်တွေ အမြန်အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းကြရမယ့် အချိန် ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် အားလုံးက တော်လှန်ရေးမျက်နှာကိုသာ ကြည့်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ တချို့က တော်လှန်ရေးမှာတော့ အတူပါလာကြတယ်ဆိုပေမယ့် အာဏာပါဝါလုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အပေါ်မှာ တော်လှန်ရေးကို လျစ်လျူရှုပြီး ကိုယ်မကြိုက်လို့ တော်လှန်ခဲ့တဲ့ အာဏာရှင်တွေပုံစံ ပြန်ဖြစ်လာတာမျိုးတွေ ကြားရတာ လည်း ရှိပါတယ်။ ဒါတွေကို တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာဌာန တွေကို ထပ်မံ တိုက်တွန်းလို ပါတယ်။”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)
(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)

ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဒီဇင်ဘာ ၂၄ရက်က ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာတွင် စစ်ကောင်စီအနေဖြင့် ၂၀၂၄ အတွင်း၌ ရှုံးနိမ့်မှု ပြိုလဲမှုကြီးများစွာ ဖြစ်ပေါ်ခဲ့ဟု ဆိုသည်။

“ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေး ယုံကြည်ချက်နဲ့ အင်အားစု အသီးသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ် အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျဆုံးခဲ့ပြီဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ”ဟု ယာယီသမ္မတက ပြောကြားသည်။

(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)
(၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် ဆုံးရှုံးခဲ့ရသော မြို့ရွာ၊တပ်စခန်းများ)

မြို့ပေါင်း ၉၀ ထက်မနည်း စစ်ကောင်စီ လက်အောက်က လွတ်မြောက်ခဲ့ပြီဟုလည်း ယာယီသမ္မတက ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးသည် နိုင်ငံ၏တော်လှန်ရေး သမိုင်းများအတွင်း အကြီးများဆုံး အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းဖြစ်၍ တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်နိုင်ခြင်းမရှိပါက လှိုင်းထဲ၌မြုပ်သွားနိုင်၍ တော်လှန်ရေးအလုပ်တွင် ခြေစုံရပ် မြှုပ်နှံကြရန်လည်း ယာယီသမ္မတက ဒီဇင်ဘာ ၁၀ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။