Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရ

နေ့လည် ၁နာရီကျာ်က ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခြင်းဟု ဒေသခံစစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

(ပုဏ္ဏားကျွန်းမြို့အား AAသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပုဏ္ဏားကျွန်းမြို့အား AAသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီက ယ‌နေ့(ဒီဇင်ဘာ ၃၁ရက်)နေ့လည်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဒေသခံသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေ့လည် ၁နာရီကျာ်က ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခြင်းဟု ဒေသခံစစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

” တပ်တော်က ငြိမ်းချမ်းရေးကမ်းလှမ်းထားချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်လာတာပါ။ ဒီဖြစ်ရပ်ကြောင့် သုံးဦးသေဆုံးသွားသလို ဒဏ်ရာရသူတွေလည်း များပါတယ်။ ဒေသခံ‌တွေဟာ လေကြောင်းကနေ ထပ်ပစ်ခံရမှာ စိုးရိမ်နေရပါတယ်”ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးပြီး သံဃာတော်တစ်ပါးအပါအဝင် ကိုးဦးဒဏ်ရာရခဲ့သည်။ ယိုးတရုတ်ကျေးရွာစာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချိို့လည်း ပျက်စီးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့နှင့်ဆက်စပ်နေသည်။ စစ်တွေမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့ကိုသာ သိမ်းယူရန်ကျန်ရှိတော့ပြီး ကျန်မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း AAက ဒီဇင်ဘာ၂၉ရက်တွင် ကြေညာထားသည်။

ထိုသို့ကြေညာပြီးနောက် စစ်ကောင်စီက AAမုန်းတီးရေး လှုံ့‌ဆော်မှုများပြုလုပ်နေသလို အရပ်သားပြည်သူရှိရာနေရာများကို လေကြောင်းမှပါ တိုက်ခိုက်ခြင်းဖြစ်သည်။

“စစ်တပ်ကို ကျတော်တို့ လုံးဝမယုံပါ။တပ်တော်က ပိုသိမှာပါ”ဟု ပုဏ္ဍားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။