Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိသားစုဝင် ၅ဦးထိမှန်သေဆုံး

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

မြစ်ခြေမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိသားစုဝင် ၅ဦးထိမှန်သေဆုံး
မြစ်ခြေမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိသားစုဝင် ၅ဦးထိမှန်သေဆုံး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက်၍ မိသားစုဝင် ၅ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက်က မြစ်ခြေနှင့် ကမ္မမြို့ကြားရောက်ရှိနေသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မြစ်‌ခြေ မြို့မတောင်ပိုင်းရှိ နေအိမ်တစ်အိမ်သို့ ကျရောက်ပေါက်ကွဲပြီး သက်ကြီးရွယ်အို အဘိုးအဘွားနှစ်ဦး၊ မြေးနှစ်ဦးနှင့် အခြားမိသားစုဝင်အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိသားစုဝင် ၅ဦးက ပွဲချင်းပြီးသေတယ်။ ဒဏ်ရာပြင်းထန် ၂ဦးရှိတယ်။ ငါးဆယ်ငါးဆယ်ပဲလို့ ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၉ ရက်တွင် အဆိုပါ စစ်ကြောင်းအား မြစ်ခြေနှင့်ကမ္မလမ်းပိုင်းတနေရာတွင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁၀ဦးထက်မနည်း သေ​ဆုံးနိုင်ပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပကဖအမှတ်(၁) တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ်ပါပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ကြောင်းသည် ပြည်သူ ၁၀၀ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း၊ ထို့ကြောင့် ကျေးရွာအများအပြားမှ ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook