Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးထံမှ MA 1 တစ်လက်လုယူရရှိ

“လောလောဆယ် လုယူခဲ့တဲ့နေရာကို လုံခြုံရေးအရ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ဒီကောင်က မူးပြီး ကင်းတဲ မှောက်နေတဲ့အချိန်ရရှိခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

MA 1
MA 1

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးထံမှ MA 1 တစ်လက် လုယူရရှိခဲ့ကြောင်း မြစ်ခြေ – ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC – KC DF)က ယနေ့(မေ ၃၁ ရက်)တွင် ထုတ်ပြန်သည်။

“လောလောဆယ် လုယူခဲ့တဲ့နေရာကို လုံခြုံရေးအရ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ဒီကောင်က မူးပြီး ကင်းတဲ မှောက်နေတဲ့အချိန်ရရှိခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့အပြင် လက်ရှိစစ်ရေးအရ မြေခြေမြို့နယ်ရှိ လမ်းပိုင်းအားလုံးတွင် ဖြတ်သန်းသွားလာနေသော ပြည်သူပိုင်ကားများအနေဖြင့် ကားမှန်တံခါးများအား ချပြီးမှ မောင်းနှင်ရန်လည်း MC – KC DFက အသိပေးသည်။

MC – KC DF

“အခုက စခလမ်းကြောင်းတွေရှုပ်နေတာ။ဒါကြောင့် တစ်ခုခု မှားဆွဲမိလိုက်ရင် ပြည်သူတွေ နစ်နာမှာဆိုးလို့ပါ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကိုလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်စုံတစ်ရာဖြင့် ပတ်သက်၍ မြစ်ခြေ – ကျွန်းချောင်း(MC – KC DF)အဖွဲ့မှ လုံးဝ(လုံးဝ)တာဝန်ယူမည် မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယခုလ ၂၈ရက်ကပင် မြစ်ခြေ – စဘေကားလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဆုံးနိုင်ကြောင်း မြစ်ခြေ – ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC – KC DF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။