Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူများကို ထိရောက်စွာအရေးယူရန် NUGဝန်ကြီးချုပ် တိုက်တွန်း

NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂ရက်ကကျင်းပစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းများသို့ သွားရောက်ပြီး ၇◌ဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)
(ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းများသို့ သွားရောက်ပြီး ၇◌ဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)

▪️NUGကို ပြည်သူများ အားမလိုအားမရ ဖြစ်နေမှု အမြန်ဆုံးကျော်လွှားနိုင်ရေး ကြိုးစားရန်မှာကြား

ဟန်နွေ/People’s Spring

တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထိရောက်စွာအရေးယူရန် အချိန်တန်ပြီဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂ရက်ကကျင်းပစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အဆင့်ဆင့်သော အုပ်ချုပ်ရေး ယန္တရားများကို ပြည်သူကို ပိုမိုမျက်နှာမူ အလေးထားသည့် စည်းကမ်းသေသပ်သည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်မည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ဒီရက်ကစပြီး ပြည်သူကို မျက်နှာမမူတဲ့လုပ်ရပ်တွေကို ပြုလုပ်နေကြသူတွေ၊ ဥပဒေချိုးဖောက်နေသူတွေ၊ တော်လှန်ရေးကို မေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားဖို့ အချိန်တန်ပြီ”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

၂၀၂၅သည် တော်လှန်ရေးအတွက် များစွာအရေးကြီးသည်ကို အားလုံး နားလည်ပြီးဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားသည်။

NUG အစိုးရအား ပြည်သူများ အားမလို၊ အားမရ ဖြစ်နေသည်ကို ကြားသိရပြီး အဆိုပါ အခြေအနေများကို မဖြစ်မနေ အမြန်ဆုံး ကျော်လွှားနိုင်ရေး ကြိုးစားရမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများသည် တော်လှန်ရေးအတွက်လည်းများစွာ အရေးပါသည့် ကဏ္ဍ ဖြစ်၍ အားလုံးတက်ညီလက်ညီ ကြိုးစားရန်လိုကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါအစည်းအဝေးသို့ NUG ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် ယခုရက်ပိုင်းအတွင်း မြေပြင်ရှိ PDF သင်တန်းကျောင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းများသို့ သွားရောက်ပြီးလည်း ရဲဘော်များနှင့် တွေ့ဆုံအားပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။