Connect with us

Hi, what are you looking for?

သတင်း

ပု​လောစရဖရုံးကို PDF များစီးနင်း၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စရဖရုံးမှ သိမ်းဆည်းရရှိခဲ့​သော ကျည်၊ကျည်​ဘောက်၊ စာရွက်စာတမ်းအချို့ ။ ဓါတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

အိမ်သွင်/People’s Spring

ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအားဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားသောကြောင့် စာရွက်စာတမ်းနှင့်လက်နက်ခဲယမ်းအချို့သိမ်းဆည်းပြီး ရုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပုလောမြို့၊ စရဖရုံးကို ယမန်​နေ့ (ဇန်နဝါရီလ ၆ရက်) ည၁၁နာရီ၁၀မိနစ်တွင် စတင်ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

အဆိုပါရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ၆ချက် ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“အဲဒီရုံးမှာအင်အားနည်းတယ်။ နောက်ပြီး အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်ဆိုတာသူတို့သိလောက်တယ်။ ဒါကြောင့် မခုခံဘဲပြေးတာ” ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် နီးစပ်သူကပြောသည်။

စရဖရုံးအား ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက်နှစ်ခုနှင့် ကျည်ဆံ ၁၀၀၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်း၌ တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင်လည်း စစ်ရေးတင်းမာနေသည်။

လောင်းလုံးမြို့နယ်ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီစခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့မှစတင်၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့သည်။ စခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီးခမရ (၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များတိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ -မောတောင်လမ်းပိုင်းကို အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့