Connect with us

Hi, what are you looking for?

သတင်း

ပု​လောစရဖရုံးကို PDF များစီးနင်း၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စရဖရုံးမှ သိမ်းဆည်းရရှိခဲ့​သော ကျည်၊ကျည်​ဘောက်၊ စာရွက်စာတမ်းအချို့ ။ ဓါတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

အိမ်သွင်/People’s Spring

ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအားဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားသောကြောင့် စာရွက်စာတမ်းနှင့်လက်နက်ခဲယမ်းအချို့သိမ်းဆည်းပြီး ရုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပုလောမြို့၊ စရဖရုံးကို ယမန်​နေ့ (ဇန်နဝါရီလ ၆ရက်) ည၁၁နာရီ၁၀မိနစ်တွင် စတင်ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

အဆိုပါရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ၆ချက် ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“အဲဒီရုံးမှာအင်အားနည်းတယ်။ နောက်ပြီး အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်ဆိုတာသူတို့သိလောက်တယ်။ ဒါကြောင့် မခုခံဘဲပြေးတာ” ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် နီးစပ်သူကပြောသည်။

စရဖရုံးအား ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက်နှစ်ခုနှင့် ကျည်ဆံ ၁၀၀၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်း၌ တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင်လည်း စစ်ရေးတင်းမာနေသည်။

လောင်းလုံးမြို့နယ်ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီစခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့မှစတင်၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့သည်။ စခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီးခမရ (၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များတိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ -မောတောင်လမ်းပိုင်းကို အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အုပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ဆောင်းပါး

အိပ်မက်ပင် မမက်ဘူးသည့်တိုက်ပွဲအတွင်း ကိုနဂါးလေးရောက်နေပါတယ်။ ကိုယ့်ဘေးနားကရဲဘော်တွေကျသွားတာကိုလည်းမြင်ရပါတယ် ။ စစ်သားအလောင်းတွေက​တော့ပုံထပ်နေပါ​တယ် ။ ဒီအဖြစ်အပျက်​တွေကိုအိပ်မက်တခုလို​တောင်သူထင်နေမိပါတယ် ။