Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာများဝင်ရောက်ပေါ်တာဆွဲနေ

လူငယ် ၁၁ဦးဖမ်းခံရပြီး ပြည်သူအများအပြား ထွက်ပြေးနေရ

အုတ်ဖိုမြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲနေရာ ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်း လူငယ် ၁၁ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ရက်) နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုရှိ ကျေးရွာများသို့ စစ်တပ်၊ ရဲနှင့် ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်သည် ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့် လာရောက်ကာ ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည့် ကျေးရွာများမှာ အလယ်ကုန်းကျေးရွာအုပ်စုမှ အလယ်ကုန်းရွာ၊ အလယ်ကုန်းတောင်ရွာနှင့် တင်းကုပ်စုရွာများပါဝင်ပြီး ဒေသခံပြည်သူများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ခုထိ ရွာကိုမပြန်ရဲကြဘူး။ မနက်လည်း ရွာမပြန်ရဲ ညလည်းရွာမပြန်ရဲ ဖြစ်နေကြတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် တင်းကုတ်စုရွာမှ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ကိုမျိုးမင်းဇော်၊ ကိုအေး၊ ကိုခေါလေး၊ ကိုဇော်ဝင်း၊ ကိုစိုးမိုးအောင် စသည့်ဒေသခံများအပါအဝင် လူငယ်(၁၁)ဦး အဖမ်းခံလိုက်ရပြီး အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ ယနေ့(ဇန်နဝါရီ ၁၃ ရက်)တွင်လည်း အုတ်ဖိုမြို့နယ်ရှိ အလယ်ကုန်း၊ ငါးရှည့်ရိုး၊ တင်းကုတ်ကြီး၊ တောင်ကုန်း၊ မြောင်၊ သရက်နှစ်ဖျားလိန်နှင့် သဖန်းပင်ဆိပ် ကျေးရွာအုပ်စုများသို့ စစ်ကောင်စီတပ်များ ဝင်ပေါ်တာဆွဲမည်ဆိုသည့်သတင်းကြာင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။