Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီးမပေါက်ကွဲသေးသည့် ဗုံးထပ်မံတွေ့ရှိ

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

ဆေးသမားတစ်ဦးက ယူလာပြီးအ​ဟောင်းဆိုင်တွင်​​ရောင်းမရ၍ ထားခဲ့​သော ဗုံး။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ဖားကန့်မြို့နယ်၊ ဆန်ခါနှင့် မဇွပ်ယန်ရွာကို ဇန်နဝါရီလ ၁၃ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် မပေါက်ကွဲသေးဘဲ ကျန်နေသည့် ဗုံးအချို့ ထပ်မံတွေ့ရှိနေပြီး ဒေသခံများ စိုးရိမ်နေကြသည်။

ဆန်ခါရွာမှ နေအိမ်ဝင်းတစ်ခုတွင် မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ ဗုံးတစ်လုံးကို ဇန်နဝါရီလ ၁၄ ရက်က တွေ့ရှိပြီးနောက် ယနေ့(ဇန်နဝါရီလ ၁၅)တွင်လည်း နောက်ထပ် ဗုံးတစ်လုံးကို မဇွပ်ယန်ရွာရှိ တာဝါတိုင်အနီးတွင် ဒေသခံများကထပ်မံတွေရှိခဲ့သည်။

“ထပ် တွေ့တာက ပေါင် ၅၀၀ ဗုံးတော့မဟုတ်ဘူး။ ဆေးသမားတစ်ယောက်က ကောက်လာပြီး အဟောင်းဆိုင်မှာ လာရောင်းတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဗုံးကို အဟောင်းဆိုင်ကလက်မခံ၍ ဆေးသမားက မဇွပ်ယန်ကျေးရွာ တာဝါတိုင် အနီး ရပ်ကွက် လမ်းလမ်းဘေးတွင် ထားသွားခြင်းဖြစ်သည်။ ဗုံးရှင်းလင်းရေးအားမည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုမသိရှိရသေးကြောင်း ဒေသခံများကပြောသည်။ ထို့အပြင် နောက်ထပ်ဗုံးများရှိနိုင်သေးသည်ဟုစိုးရိမ်မှုကြောင့် ဒေသခံများကလိုက်လံရှာဖွေနေသည်။

ဇန်နဝါရီ ၁၃ ရက်တွင်​တွေ့ရှိသည့် မပေါက်ကွဲဘဲကျန်​နေ​သော ပေါင်၅၀၀ ဗုံးသည် ဆန်ခါရွာမှ နေအိမ်ဝင်းတစ်ခုရှိ အိမ်သာကျင်းဘေး၌ စိုက်ဝင်နေခြင်းဖြစ်သည်။

” ဖော်မယ်လို့တော့ လုပ်နေကြတယ်။ ဒါပေမယ့် ကြောက်လို့ ရပ်ထားတယ်။ ဗုံးကပေါင် ၅၀၀ ဗုံးသီးလုံးကြီး။ ဒေသခံတွေအတွက်အရမ်းအန္တရာယ်ရှိတယ်ဗျ” ဟု ဆန်ခါဒေသခံတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၁၃ရက်နေ့က ဖားကန့်မြို့နယ် ဆန်ခါနှင့်မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်များ ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။