Connect with us

Hi, what are you looking for?

သတင်း

“ဗုံးမကြဲနဲ့ မီး​ပေး” ဟု ရန်ကုန်မြို့တွင် ဆန္ဒပြ

ရန်ကုန်မြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုကို တော်လှန်လူငယ်အချို့က ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

သုည/People’s Spring

ရန်ကုန်မြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုကို တော်လှန်လူငယ်အချို့က ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်အချို့က နိုင်ငံတဝှမ်း လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ခံစားနေရသည့် ပြည်သူလူထု၏ ဒုက္ခကို ဖော်ထုတ်ပြီး နိုင်ငံ့ဘဏ္ဍာအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အသုံးပြုမည့်အစား လူထုကို အကြမ်းဖက်ဗုံးကြဲသတ်ဖြတ်ရန် အသုံးပြုနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် “ဗုံးမကြဲနဲ့ မီးပေး” ဟူသည့် စာတန်း ချိတ်ဆွဲခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားလူငယ်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

သတင်း

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။