Connect with us

Hi, what are you looking for?

သတင်း

ယောဒေသကို စစ်ကောင်စီက လူနှင့်ခဲယမ်း အင်အားဖြည့်နေ

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းနှင့် ကျောက်ထုမြို့တို့ကို စစ်ကောင်စီက လူနှင့်ခဲယမ်း အင်အားဖြည့်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယောဒေသ တည်နေရာပြမြေပုံ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းနှင့် ကျောက်ထုမြို့တို့ကို စစ်ကောင်စီက လူနှင့်ခဲယမ်း အင်အားဖြည့်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၂၀ရက် နေ့လည်ပိုင်းက ပခုက္ကူအခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ထောက်ပို့ယာဥ် Mi 17ဖြင့် ဗိုလ်ကြီးတစ်ဦးအပါဝင် တပ်သားအင်အား ၁၃ဦးကို လာရောက် ဖြည့်တင်းပေးခဲ့ပြီး လက်နက်၊ခဲယမ်း၊ကျည်ဆံသေတ္တာများလည်းပါလာသည်ဟု ဆိုသည်။

“ရဟတ်ယာဉ်ဟာ ၁၀ မိနစ်ကျော်ရပ်နားခဲ့ပြီး ရွှေထီးခန်းမကနေ စစ်ကောင်စီတပ်သား လူနာများကို ပခုက္ကူမြို့တပ်မ(၁၀၁)ကိုပြန်လည်ခေါ်ဆောင်သွားတယ်”ဟု ယောအလင်းတန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ဇန်နဝါရီ ၂၀ရက် ညနေ ၄ နာရီခန့်တွင် ကျောက်ထုမြို့အခြေစိုက် အမှတ်(၃၆၈) အမြောက်တပ်ထံ တပ်မ(၁၀၁)မှ စစ်ထောက်ပို့ ရဟတ်ယာဥ်​​ဖြင့်​ လက်နက်ကြီး၊ကျည်များအပါဝင် အခြားလက်နက်ခဲယမ်းများကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်ကလည်း ကျောက်ထုမြို့ကို ပိတ်ဆို့ကာ စစ်ကောင်စီက တပ်သားသစ် စုဆောင်းမှုပြုလုပ်ခဲ့ကာ လူငယ် လေးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက အသိပေးထားသည်။

“ထီးလင်းကတော့ အလင်းဝင်ဖို့ ကျွန်တော်တို့ နောက်ဆုံးသတိပေးထားတယ်။စခဘက်က စစ်ကူပို့နေတာတော့ သူ့အပိုင်းပေါ့။ပြောလို့ရတာက ယောဒေသ မှာ တိုက်ပွဲတွေအရင်နှစ်ထက်ပို ပြင်းထန်လာလိမ့်မယ်”ဟု ယောဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျောက်ထု နှင့်ထီးလင်းမြို့တို့သည် စစ်ကောင်စီစွန့်လွှတ်လိုက်ရပြီးဖြစ်သော ချင်းပြည်တောင်ပိုင်းမြို့များ၊အထူးသဖြင့် မင်းတပ်မြို့နှင့် ထိစပ်လျက်ရှိသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ယောတပ်တော်(YA)က ချင်းညီနောင် စစ်ဆင်ရေး(မတူပီ၊မင်းတပ်)လွတ်မြောက်ရေးမှသည် ယောဒေသပြည်သူလူထု လွတ်မြောက်ရေး ၊ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေး၊လုံခြုံရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်များနှင့် စစ်ရေးအရှိန်တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း YAက ၂၀၂၄ဒီဇင်ဘာ ၂၄ရက်တွင် ထုတ်ပြန်သည်။

ယောဒေသလွတ်မြောက်ရေး ကြိုးပမ်းရာတွင် ယောဒေသရှိ ဂန့်ဂေါ ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်စသည့် ဒေသများ အကျုံးဝင်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook