Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်ကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထီးချိုင့်မြို့နယ်၊ တုံလုံရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရှိခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

သားကြီး/People’s Spring

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နယ်၊ တုံလုံရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရှိခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

တုံလုံရွာကို ဇန်နဝါရီလ၂၀ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်သည်ဟု ထီးချိုင့်မြို့မှစစ်ဘေးရှောင်လာသူတဦးကပြောသည်။

“အခြေအနေတွေက ငြိမ်သက်နေတာပါ။ တိုက်ပွဲရော စစ်ရေးလှုပ်ရှားမှုရောဘာမှမရှိပါဘူး။ တုံလုံရွာထဲက အိမ်တည့်တည့်ကို ဗုံးကြဲတာပါ” ဟု အဆိုပါ စစ်ရှောင်ကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်မှစ၍ တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိသေးပေ။သို့သော် တရုတ်အစိုးရရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ပြီး မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီက၂၀၂၄ခုနှစ် ၊စက်တင်ဘာလ ၁ ရက်တွင် မောင်ကုန်းကျေးရွာအားလေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအရပ်သား ကိုးဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၀ ရက်​နေ့ညကလည်း စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၌ ထိခိုက်သေဆုံးသူ မရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook