Connect with us

Hi, what are you looking for?

သတင်း

နမခတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့၊ လက်နက်ကြီးဖြင့်လည်း ပစ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကြီးဗဒုံကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ်(ဓာတ်ပုံ - CJ)

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက နမခ နှင့် (၃)မိုင်ခန့်သာဝေးသည့် မုံရွာမြို့နယ်၊ ကြီးဗဒုံရွာသို့ စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်ဖြင့်ရောက်ရှိလာပြီး ကျေးရွာအတွင်းသို့ သေနတ်များပစ်ခတ်ဝင်ရောက်ကာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ၎င်းတာဝန်ရှိသူက ပြောသည်။

“မနက်ပိုင်း ကြည်ဗဒုံနဲ့ ဖန်ခါးကျင်းကြားမှာကတည်းက နမခက ထွက်လာတဲ့ကောင်တွေက သေနတ်ဖောက်လာကြတာဗျ။ ပြီးတော့ ကြည်းဗဒုံကို ပစ်ဝင်ဝင်ပြီး မီရှို့သွားတယ်”ဟု မုံရွာ ပကဖမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကြီးဗဒုံကျေးရွာသည် အိမ်ခြေ ၂၀၀ကျော်ရှိပြီး ဒေသခံပြည်သူအများစုမှာ စစ်ကောင်စီတပ် ရန်ကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက ဘေးလွတ်ရာရှောင်တိမ်းနေကြရပြီး ယမန်နေ့က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အလားတူ ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်)ညနေပိုင်းကလည်း အနောက်မြောင်တိုင်းစစ်ဌာ နချုပ်-နမခ အတွင်းမှ လင်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံရွာမြို့နယ်နှင့်အစပ် ဘုတလင်မြို့နယ်ဘက်ခြမ်းမှ ကျေးရွာတစ်ရွာပေါ်ကျရောက်ပြီး (၆)နှစ်အရွယ်ကလေးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း မုံရွာ ပကဖ မှ တာဝန်ရှိသူက ပြောသည်။

“အသက်အန္တာရာယ်တော့ မစိုးရပေမယ့် လက်ထိတာတော့ စိုးရိမ်ရတယ်ဗျ။ လက်တဖက် ဆုံးရှုံးနိုင်တယ်ဗျ”ဟု ကလေးထိခိုက်မှုနှင့်စပ်လျဥ်းပြီး ၎င်းက ရှင်းပြသည်။

မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ၁၀၇ မမ မပါအဝင် လက်လုပ်ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ရာ နောက်တစ်ရက် ဇန်န ဝါရီ ၁၅ ရက်တွင် နမခမှ စစ်ကောင်စီတပ်သားများက ကြီးဗဒုံရွာအား ပထမအကြိမ် ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်ငါးလုံးခန့် ပျက်စီးခဲ့သည်။

ယခုနှစ်အတွင်း နှစ်ကြိမ်မြောက် နေအိမ်များကိုမီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကြီးဗဒုံရွာသည် မုံရွာမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်