Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်မှာ စက်တပ်လေထီးနဲ့ ဗုံးချ လို့ သက်ကြီးပိုင်းအမျိုးသမီး သေဆုံး

မန္တလေးတိုင်း ၊ တောင်သာမြို့နယ်ထဲက သာစည်ကျေးရွာကို ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်မနက်အစောပိုင်း လူအများအိပ်မောကျနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့ ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးကြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။

စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရတဲ့ သာစည်ရွာတည်နေရာကိုတွေ့ရပုံ (ဓာတ်ပုံ - Google Earth)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ တောင်သာမြို့နယ်ထဲက သာစည်ကျေးရွာကို ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်မနက်အစောပိုင်း လူအများအိပ်မောကျနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့ ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးကြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။

တောင်သာမြို့ အနောက်ဘက်ခြမ်းမှာရှိပြီး တောင်သာမြို့ပေါ်နဲ့ ကားလမ်းအတိုင်း ၁၄ မိုင် ခန့်ဝေးတဲ့ သာစည်ကျေးရွာကို ဒီမနက် ၁ နာရီ ၄၅ မိနစ်ခန့်က ဗုံးချခံရတာလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ လူနေအိမ်ပေါ်ဗုံးကျပြီး အသက် ၇၀ အရွယ် ဒေါ်ဇင်ဆိုသူအမျိုးသမီးကြီး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို အခုလို စက်တပ်လေထီးနဲ့ဗုံးချတိုက်ခိုက်တာကို အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာတာပါ။

Public Service Announcement

Public Service Announcement

” အဓိကတော့ သူတို့အတွက်လည်း ကုန်ကျစရိတ်နည်းသလို လူထုကိုလည်းခြိမ်းခြောက်လိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်လာတာ”လို့ တောင်သာနယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လူလိုက်ပါတဲ့ စက်တပ်လေထီးတွေဟာ တောင်သာမြို့နဲ့ မိုင် ၅၀ ခန့်အကွာမှာရှိတဲ့ မိတ္ထီလာမြို့ရှိ လေယာဥ်မောင်းသင်တန်းကျောင်း ကနေ တက်လာတာလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ယူဆထားပါတယ်။

တိုက်ခိုက်မှုတွေကိုတော့ အလင်းရောင်ကောင်းကောင်းမရခင် ညအချိန်တွေ မှာအများဆုံး ပြုလုပ်တာပါ။

ညအချိန် လူအများအိပ်မောကျနေချိန်မှာ နေအိမ်တွေပေါ်ဗုံးသီးချခံနေရတဲ့အတွက် တောင်သာမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဒေသခံတွေ တိမ်းရှောင်နေရတာတွေလည်းရှိလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။