Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်လူမိုက်ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က လူထုနွေဦးသို့ ပြောသည်။

အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်အား တွေ့ရစဉ်

ရဲခေါင်/People’s Spring

အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁အတွင်း အင်းစိန်လူမိုက် ကျင်ဟုတ်သည် အကိုဖြစ်သူ လူမိုက် ကျော်ဝင်းစိန်နှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သူဟု ဆိုသည်။

“ကျင်ဟုတ်က မရမ်းကုန်း (၁)ရပ်ကွက်ထဲက မနေ့တနေ့က ရောက်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းတယ်။စစ်တပ်ထဲထည့်တယ်။ပိုက်ဆံရှိတဲ့သူဆို ငွေညှစ်တယ်။အခုလည်း ဘုရင့်နောင်ပွဲရုံထဲမှာပါ လောင်းကစားရုံ ဖွင့်ပြီး သောင်းကျန်းနေတယ်”ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦး​က ပြောသည်။

Public Service Announcement

Public Service Announcement

မရမ်းကုန်းမြို့နယ်၊သမိုင်း (၁)ရပ်ကွက်သို့ လူမိုက်ကျင်းဟုတ် ရောက်ရှိလာပြီးနောက်ပိုင်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ တပည့်ဆိုသူများက ဘုရင့်နောင်ပွဲရုံတွင်ပါ မိုက်ကြေးခွဲဆက်ကြေးတောင်းမှုရှိကြောင်းလည်း သိရသည်။

“သိရသလောက်ဆို ငါးယောက်လောက်က စစ်ထဲပါသွားတယ်။ကျန်တဲ့ လေးငါးယောက်လောက်က ကျပ်သိန်း ၂၀၊ ၃၀ ပေးပြီး ပြန်ရွေးရတာရှိတယ်။စိန်ဝင်းမြင့်က အရင်ကအဲဒီလောက်မဆိုးဘူး။အခု ကျင်ဟုတ် နဲ့ပေါင်းပြီး တော်တော်ဆိုးလာတာ”ဟု မရမ်းကုန်း (၁)ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

လူမိုက်ဂိုဏ်းနယ်ပယ်တွင် အကိုဖြစ်သူကျော်ဝင်းစိန်နှင့် ညီ​ဖြစ်သူကျင်ဟုတ်တို့သည် အင်းစိန်နှင့်ရွှေပြည်သာမြို့နယ်အပိုင်စားဟု လူသိများသည်။ အကိုဖြစ်သူ ကျော်ဝင်းစိန်မှာ ၂၀၂၃ ဒီဇင်ဘာ ၈ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တွင် သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့အား တိုက်ခိုက်ရာ ရုပ်အလောင်း ၇ လောင်းနှင့် သေနတ် ၆လက် သိမ်းဆည်းရကြောင်း Acidတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုနဂါးက လူထုနွေဦးသို့ ပြောသည်။