Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့လယ်တွင် ဘန်နာချိတ်ဆွဲ

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ

ဓာတ်ပုံ - GSC

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့လယ်တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း GSCက အသိပေးထုတ်ပြန်သည်။

” ဖက်ဆစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းများ ၊ အမျိုးသား/အမျိုးသမီးလူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရတဲ့ လူထုထံ တသားတည်းရှိကြောင်း၊ လူထုကြီး၏ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန်ရောက်ရှိရမည်သာဖြစ်ပြီး ၊ ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေတဲ့ ဖက်ဆစ်တပ်ကို လူထုတရပ်လုံးအားဖြင့် ပိတ်ဆို့တိုက်ဖျက်အောင်ပွဲအရယူကြမည်ဖြစ်ကြောင်း သတင်းစကားပါးအပ်ရခြင်း ဖြစ်ပါတယ်”ဟု GSCက ဆိုသည်။

ထို့အပြင် မြန်မာစစ်တပ် အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့(ဖေဖော်ဝါရီ ၁ရက်) ညနေ ၄နာရီတွင် ဆန္ဒပြသွားမည်ဟု Milk Tea Alliance Thailand က ကြေညာထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

Facebook