Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့လယ်တွင် ဘန်နာချိတ်ဆွဲ

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ

ဓာတ်ပုံ - GSC

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့လယ်တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း GSCက အသိပေးထုတ်ပြန်သည်။

” ဖက်ဆစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းများ ၊ အမျိုးသား/အမျိုးသမီးလူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရတဲ့ လူထုထံ တသားတည်းရှိကြောင်း၊ လူထုကြီး၏ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန်ရောက်ရှိရမည်သာဖြစ်ပြီး ၊ ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေတဲ့ ဖက်ဆစ်တပ်ကို လူထုတရပ်လုံးအားဖြင့် ပိတ်ဆို့တိုက်ဖျက်အောင်ပွဲအရယူကြမည်ဖြစ်ကြောင်း သတင်းစကားပါးအပ်ရခြင်း ဖြစ်ပါတယ်”ဟု GSCက ဆိုသည်။

ထို့အပြင် မြန်မာစစ်တပ် အာဏာသိမ်းမှု (၄)နှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့(ဖေဖော်ဝါရီ ၁ရက်) ညနေ ၄နာရီတွင် ဆန္ဒပြသွားမည်ဟု Milk Tea Alliance Thailand က ကြေညာထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်​ဆောင်းပါး ကဖေး/People’s Spring မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။ Public Service Announcement မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက...

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်မြောက် ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့၌ မှော်လှည့်သပိတ်အဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြသည်။

သတင်း

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးဦးရေ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။