Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက သင်တန်းဆင်းစစ်သားသစ်​တွေကို မတ္တရာမြို့နယ်ထဲထပ်ပို့

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)လက်​အောက်ရှိ ​စစ်သင်တန်း​ကျောင်းတစ်ခုတွင် သင် တန်းဆင်းပြီးစ စစ်သားသစ်အချို့ကို​ဇန်နဝါရီလကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ရှိန်း/People’s Spring

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

ဖေဖော်ဝါရီလ၂ ရက်နေ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲကတပ်မ(၃၃)လက်အောက်ခံစစ်သားသစ်တွေကိုသင်တန်းပေးနေတဲ့တပ်ထဲကနေ စတစ်ကော်လံအဖြူနဲ့လူငယ်တွေအပြည့်ပါဖောကား၂ စီး မတ္တရာမြို့နယ်၊ ထီးတော်မိုးစစ်သားစုဆောင်းရေးတပ်ထဲကို ပို့ဆောင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလနောက်ဆုံးပတ်ကလည်း တပ်အပြောင်းအလဲတွေပြုလုပ်ထားပြီး မတ္တရာမြို့ကို စစ်တပ်ကပိတ်ဆို့တင်းကြပ်ထားတာတွေပြုလုပ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မတ္တရာအရှေ့ခြမ်းကိုတိုက်မယ့်သတင်းတွေထွက်နေတယ်။အပူးတပ်မ(တပ်မ၃၃၊၄၄)တွေပို့ထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံဗိုလ်တောက်ကလည်း မတ္တရာအရှေ့ခြမ်းကိုတိုက်မယ့်သတင်းတွေထွက်နေတာကိုတော့အတည်ပြုခဲ့ပြီး တခြားစစ်တပ်သတင်းတွေနဲ့ပတ်သက်လို့ကတော့ ထူးထူးခြားခြားသတင်းရထားတာမရှိဘူးလို့ဆိုပါတယ်။

“တိုက်မယ်လို့သတင်း​တွေပြန့်နေတာတော့ဟုတ်တယ်။အခုနယ်မြေအခြေအနေကတော့ အရှေ့ခြမ်းရော၊အနောက်ခြမ်းရောမှာ ငြိမ်နေပါတယ်”လို့ ဗိုလ်တောက်ကပြောပါတယ်။

စစ်တပ်က ယခုလိုစစ်မှုထမ်းသင်တန်းဆင်းတွေကို အင်အားအပြည့် မတ္တရာဘက်ကိုပို့ဆောင်တာမျိုး ၂၀၂၄ခုနှစ်၊​ မေလ (၁၈) ရက်နေ့ကလည်းလုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ဖောကား၂ စီးအပြည့်ပါတဲ့လူငယ်တွေကို နန်းတွင်း(လပခ)မှာ သင်တန်းဆင်းပွဲလုပ်ဆောင်ခဲ့ပြီးနေ့ချင်းမတ္တရာမြို့နယ်ထဲကို ပို့ဆောင်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်​နေသလိုမြေပြင်စစ် ကြောင်းထိုးအင်အားဖြည့်တင်းလာသောကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွါး​​နေတယ်လို့ မန္တ​လေး PDF က ဇန်နဝါရီ ၂၂ ရက်ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။