Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များပြုလုပ်

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိသပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။

သတိုး/ People’s Spring

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိ သပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာတစ်ရွာတွင် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက ဦးဆောင်၍ “အထွေ ထွေ ဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ” ခေါင်းစဉ်ဖြင့် အာဏာရှင်လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ယင်းမာပင် မြို့တွင်လည်း “အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း” က “အထွေထွေကြပ်တည်းမှုကို အံတုကြ”

Public Service Announcement

Public Service Announcement

“ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ဆိုသည့် စာသားကိုင်ဆောင်ကာအာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင်ပါဝင်သူများက “အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ” ၊ “အတုယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြ”၊ “ပြည်သူ့အားသာ အခရာ” စသည့် စာသားများကိုကိုင်ဆောင်၍ အာဏာရှင်ဆန့်ကျင်ကြောင်းပြသခဲ့သည်။

ထို့အတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ အာဏာရှင်ဆန်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို “ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား” ဟုခေါင်းစဉ်ပေးထားပြီး အမျိုးသမီး များ ၊ လူငယ်များ နှင့် ဒေသခံများပါဝင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook