Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့စစ်​ကောင်စီ စီစဥ်

People’s Spring

စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

“အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ မှတ်ပုံတင်မရှိသေးတဲ့လူငယ်တွေကို တခါထဲဖမ်းဆီးကာ မြို့နယ်ထွေအုပ်ကထောက်ခံချက်လုပ်ပြီး လဝက ကတခါထဲ မှတ်ပုံတင်ထုတ်ပေးကာ စစ်မှုထမ်း​စေဖို့ စီစဥ်ျနတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

တံတားဦးမြို့နယ်ဘက်ကိုစုံစမ်းကြည့်ရာမှာ အမြန်လမ်း လေယာဥ်ကွင်းအဝိုင်းပတ်နဲ့ ပင်းယအဝိုင်းပတ်တွေမှာ စစ်တပ်အပါအဝင် အဖွဲ့စုံကဖမ်းဆီးလေ့ရှိပြီး တံတားဦးမြို့ထဲက ထွေအုပ်ရုံးမှာတခါထဲ ထောက်ခံစာတွေလုပ်ပေးပြီး စစ်မှုထမ်းဖို့ လုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။

“ဒီဘက်မှာကပြောင်ပြောင်တင်းတင်းဖမ်းတာ။ယောကျာ်းတွေဆို အကုန်ကားပေါ်တင်တယ်။မိန်းမတွေပါလာရင်ပြန်လွှတ်တယ်။ယောကျာ်းလေးသီးသန့်ဆိုရင် ဆိုင်ကယ်တွေပါကားပေါ်ဆွဲတင်တာ “လို့တံတားဦးမြို့ခံတဦးကပြောပါတယ်။

လက်တ​လောမှာပုသိမ်ကြီးမြို့နယ်ထဲကကျေးရွာတွေမှာနေ့ရော၊ညပါစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်​ကောင်စီဟာ ဇန်နဝါရီ ၂၀ ရက်​နေ့ဟာစစ်မှုထမ်းဥပ​ဒေရဲ့ နည်းဥပ​ဒေပြဌာန်းပြီး​နောက်စစ်သားသစ်စု​ဆောင်းမှုကို ပိုမိုအတင့်ရဲလုပ်ကိုင်​​လာကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။