Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းများ ဆေးမှုတ်ကာ လှုံ့ဆော်ဆန္ဒပြ

ရန်ကုန်မြို့တွင် စစ်ကောင်စီမှလုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက ဦးဆောင်၍ လူစည်ကားရာ နေရာအနှံ့အပြား၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်းများအား ဆေးမှုတ်ကာ လှုံ့ဆော်မှုကို ယနေ့ (ဖေဖော်ဝါရီ ၁၀)ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - AAMIJ

သုည/People’s Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီမှလုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက ဦးဆောင်၍ လူစည်ကားရာ နေရာအနှံ့အပြား၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်းများအား ဆေးမှုတ်ကာ လှုံ့ဆော်မှုကို ယနေ့ (ဖေဖော်ဝါရီ ၁၀)ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက “ငုံ့မခံနဲ့တုံ့ပြန်” ၊ “နင်းသတ်လို့မသေ ဆက်တိုက်လို့နေ” ၊ “တော်လှန်မလား ကျွန်ခံမလား” စသည့်စာသားများကို ဆေးမှုတ်ပြီး လက်ရှိပြည်သူလူထု ခံစားနေရသော စိုးရိမ်မှုများ၊ ဖိနှိပ်မှုများမှ ရုန်းထွက်ကြရန်၊ စစ်ကောင်စီ၏ ဖိနှိပ်မှုမှန်သမျှကို ငုံ့မခံဘဲ ရရာနည်းဖြင့် တွန်းလှန်ကြရန် လှုံ့ဆော်တိုက်တွန်းခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို “Revolutionary People’s Association” မှ လူငယ်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၀) မှာလည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။