Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ဆန္ဒပြ

ဓါတ်ပုံ-ဖားကန့်​မှော်လှည့်သပိတ်

သတိုး / People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ယ​နေ့(​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး​ ဆန္ဒပြခဲ့သည်။

ပင်လုံစာချုပ်ချုပ်ဆို​သော​နေ့ နှစ်ပတ်လည်​​နေ့ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့နံနက်တွင်ဖားကန့်မြို့ရှိဈေးတစ်ခု၌ မှော်လှည့်သပိတ်စစ်ကြောင်းရဲဘော်များက ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“မတရားမှုမှန်သမျှ ရတဲ့နည်းနဲ့ဆန့်ကျင်ကြ” ၊”ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ” ၊ “တို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီရင်ထွက်ခဲ့ လမ်းပေါ် လမ်းပေါ် ” စသည့်စာသားများကို ကြွေးကြော်သံများ​ကြွေး​ကြော်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ ရှိ​နေ​သော ​နယ်​မြေတွင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပြည်သူ ဆယ်နှင့်ချီ၍ ပါဝင်ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။