သတိုး / People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ယနေ့(ဖေဖော်ဝါရီ ၂ ရက်နေ့) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။
ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ နှစ်ပတ်လည်နေ့ဖေဖော်ဝါရီ ၁၂ ရက်နေ့နံနက်တွင်ဖားကန့်မြို့ရှိဈေးတစ်ခု၌ မှော်လှည့်သပိတ်စစ်ကြောင်းရဲဘော်များက ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“မတရားမှုမှန်သမျှ ရတဲ့နည်းနဲ့ဆန့်ကျင်ကြ” ၊”ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ” ၊ “တို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီရင်ထွက်ခဲ့ လမ်းပေါ် လမ်းပေါ် ” စသည့်စာသားများကို ကြွေးကြော်သံများကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement
စစ်ကောင်စီ ရှိနေသော နယ်မြေတွင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပြည်သူ ဆယ်နှင့်ချီ၍ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
