မန္တလေးတိုင်းအတွင်းရှိ ပုဂံ၊ညောင်ဦးနှင့် ကျောက်ဆည်မြို့နယ်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသခံပြည့်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။
ယနေ့( နိုဝင်ဘာလ ၂ ရက်) နံနက် ၇နာရီ၁၅ မိနစ်ဝန်းကျင်ကညောင်ဦးမြို့နယ်၊ မြင်းကပါရွာရှိ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးလင်းအောင်မှာ ဦးခေါင်း (၁)ချက် ၊ရင်ဘတ် (၂)ချက် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါအုပ်ချုပ်ရေးမှုးအား မဟာမိတ်ဖွဲ့စည်းထားသော BGN_NYU PDF နှင့်အတူ MGN Tiger ညီနောင် နှစ်ဖွဲ့ကအတူတကွပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကထုတ်ပြန်သည်။
ထို့အပြင်ယမန်နေ့ (နိုဝင်ဘာ(၁)ရက်)ညနေ (၆) နာရီအချိန်ခန့်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာရှိ စစ်ကောင်စီသတင်းပေးဟု ကျော်ကြားနေသည့် စစ်ကောင်စီ သတင်းပေး အုပ်ချုပ်ရေးမှူးသိန်းဌေးသည် ကျေးရွာနေပြည်သူလူထုထံမှ စစ်ကောင်စီအလိုကျ ငွေကြေးများကို အတင်းအဓမ္မ ခြိမ်းခြောက် ကောက်ခံနေခြင်းကြောင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း Dragon Kyaukse Defense Force (DKDF) က အသိပေးသည်။
ကျောက်ဆည်မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေးများ၊ ပျူစောထီးများ နှင့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှု မရှိလျှင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း DKDFက သတိပေးထားသည်။

Public Service Announcement


















































