Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုဂံ၊ ညောင်ဦးနှင့်ကျောက်ဆည်တွင်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦး အသတ်ခံရ

ကျောက်ဆည်မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေးများ၊ ပျူစောထီးများ နှင့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှု မရှိလျှင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း DKDFက သတိပေးထားသည်။

မန္တလေးတိုင်းအတွင်းရှိ ပုဂံ၊ညောင်ဦးနှင့် ကျောက်ဆည်မြို့နယ်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသခံပြည့်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ ၂ ရက်) နံနက် ၇နာရီ၁၅ မိနစ်ဝန်းကျင်ကညောင်ဦးမြို့နယ်၊ မြင်းကပါရွာရှိ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးလင်းအောင်မှာ ဦးခေါင်း (၁)ချက် ၊ရင်ဘတ် (၂)ချက် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါအုပ်ချုပ်ရေးမှုးအား မဟာမိတ်ဖွဲ့စည်းထားသော BGN_NYU PDF နှင့်အတူ MGN Tiger ညီနောင် နှစ်ဖွဲ့ကအတူတကွပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကထုတ်ပြန်သည်။

ထို့အပြင်ယမန်နေ့ (နိုဝင်ဘာ(၁)ရက်)ညနေ (၆) နာရီအချိန်ခန့်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာရှိ စစ်ကောင်စီသတင်းပေးဟု ကျော်ကြားနေသည့် စစ်ကောင်စီ သတင်းပေး အုပ်ချုပ်ရေးမှူးသိန်းဌေးသည် ကျေးရွာနေပြည်သူလူထုထံမှ စစ်ကောင်စီအလိုကျ ငွေကြေးများကို အတင်းအဓမ္မ ခြိမ်းခြောက် ကောက်ခံနေခြင်းကြောင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း Dragon Kyaukse Defense Force (DKDF) က အသိပေးသည်။

ကျောက်ဆည်မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေးများ၊ ပျူစောထီးများ နှင့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှု မရှိလျှင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း DKDFက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။