Connect with us

Hi, what are you looking for?

သတင်း

ဆင်ပေါင်ဝဲနှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက လူထုနွေးဦးသို့ ပြောသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကိုးပင်-သာဂရလမ်းပိုင်းမှ ပြည်သူပိုင်နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် ၁ တပ်ရင်း/ပေးပို့

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက လူထုနွေးဦးသို့ ပြောသည်။

မကွေးတိုင်းအတွင်းရှိ သရက်-မင်းတုန်းလမ်းပိုင်း၌ စစ်ကောင်စီတပ်များလိုက်ပါလာသော ဖောကားတစ်စီးအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)မှ တာဝန်ရှိသူ ကိုဗဟိန်းက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် မင်းတုန်းမြို့နယ်၊ သရက် – မင်းတုန်းလမ်းအတိုင်း ဖောကာတစ်စီးဖြင့်လာသော စစ်ကောင်စီတပ်သားများအား စိုင်ဒိုးကျေးရွာအနီးလမ်းပိုင်း၌ ပူးပေါင်းအဖွဲ့များနှင့် တိုက်ခိုက်ခဲ့ခြင်းဟု ကိုဗဟိန်းက လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့တော့ သရက်နဲ့ မင်းတုန်းနဲ့ကြားမှာ မုန့်ဟင်းခါးချက်ထားပါတယ်။ ထိခိုက်ကြေကွဲနေတာက တခြားမဟုတ်ပါဘူး။ လက်နက်မရလိုက်လို့ပါ။ သေတာကတော့ အတုန်းအရုန်းပါပဲ”ဟု ၎င်းက ပြောသည်။

သရက်မြို့နယ် ပိတောက်ပင်ကျေးရွာနှင့် မင်းတုန်းမြို့နယ် ရှမ်းကျေးရွာအကြား လမ်းပိုင်းအား သတိပေးချက်ထုက်ပြန်သည့် လက်ရှိအချိန် ယနေ့(ဖေဖော်ဝါရီ ၁၉ရက်)ည ၈ နာရီမှစတင်ကာ မနက်ဖန် မနက် ၇ နာရီအတွင်း မည်သည့်အကြောင်းပြချက်ဖြင့်မှ ဖြတ်သန်းသွားလာခြင်း မပြလုပ်ကြပါရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်အပ်ပါ သည်ဟု ဖော်ပြသည်။

လမ်းပိုင်းသတိပေးချက်နှင့် စပ်လျဥ်း၍ မလိုက်နာပါက နောက်ဆက်တွဲ ပြဿနာများကို လုံး၀ တာ၀န်ယူမည် မဟုတ်ပါကြောင်း မ ကွေးတိုင်း ပကဖအထူးလှုပ်ရှားတပ်(USB Army)၊ မင်းတုန်း ပကဖနှင့် ပအဖတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့အပြင် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူစောထီးများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန် ဖေဖေါ်ဝါရီ ၁၀ ရက်ကစတင်ကာ ၇ရက်ကြာ စစ်ကြောင်းထိုးလာခြင်းဟု အမှတ် (၁)တပ်ရင်းက အသိပေးသည်။

စစ်ကောင်စီ၏ဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် ၎င်းစစ်ကြောင်းသည် ကိုးပင်-သာဂရ လမ်းပိုင်းပေါ်ရှိ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှစတင်ကာ ဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့သည်ဟု ဆို သည်။

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိသွားပြီး ဆင်ပေါင်ဝဲမြို့ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း ၎င်းတာဝန်ရှိသူက အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီတပ်များ ပြန်မဆုတ်မီ မိုင်းဆွဲတိုက်ခိုက်သည့် နေရာအနီးရှိ ပြည်သူပိုင် နေအိမ်နှစ်လုံးနှင့် တဲနှစ်လုံးအား ပစ်ခတ်သည့်အပြင် အဆောက်အအုံလေးလုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမှတ်(၁)တပ် ရင်းက ထုတ်ပြန်သည်။

“အိမ်နှစ်လုံးမှာ လူနေတယ်။ တဲနှစ်လုံးမှာတော့ မနေဘူး။ အိမ်ရှင်တွေက စစ်ကြောင်းသတင်းကြားလို့ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေရွှေ့ထားတယ်”ဟု နေအိမ်နှင့်တဲများ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ပြည်သူများ၏အခြေ အနေကို သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းအား တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် (၁)တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)နှင့် နေပြည်တော်တပ်ရင်း(၈၀၄)တို့ ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း ၎င်းတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအထိ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား နှစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရတယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။